ဇာတ်ကားများ ရွေးရန်

Doctor Glas

2026ဇာတ်ကားအမှတ် 8.0/10110 မိနစ်

Doctor Glas (2026) ++++++++++ ဒါရိုက်တာ Erik Leijonborg ရိုက်ကူးထားတဲ့ ဆွီဒင်စိတ္တဇသည်းထိတ်ရင်ဖိုရုပ်ရှင်ဟာ စာရေးဆရာ Hjalmar Söderberg ရဲ့ ၁၉၀၅ ကမ္ဘာကျော်ဝတ္ထုဂန္ထဝင်ကို ခေတ်ပြိုင် စတော့ခ်ဟုမ်းမြို့ပြနောက်ခံနဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကိုယ့်ကမ္ဘာနဲ့ကိုယ်အေးဆေးနေတတ်တဲ့ ဒေါက်တာ Gabriel ဟာ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ Helga နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Helga ဟာ နာမည်ကျော်စာရေးဆရာခင်ပွန်းဖြစ်သူ Patrik ရဲ့ အကြမ်းဖက်တဲ့အိမ်ထောင်ရေးထဲမှာ ပိတ်မိနေတာကို သိလိုက်ရပါတယ်။ Helga ကို ဒီငရဲထဲက ကယ်တင်ဖို့အခွင့်အရေးလို့ ယူဆလိုက်တဲ့ Gabriel ဟာ သူတို့နှစ်ယောက်ရဲ့ ကိစ္စထဲကို နက်နက်ရှိုင်းရှိုင်းဝင်ရောက် ပတ်သက်လိုက်ပါတော့တယ်။ အဲဒီကနေတစ်ဆင့် တပ်မက်မှု၊ လှည့်ကွက်၊ မုသားနဲ့ ပါဝါပြိုင်ဆိုင်မှုကွန်ရက်ကြီးထဲ ပိတ်မိသွားပြီး Gabriel ရဲ့ ကိုယ်ကျင့်တရားစည်းဝိုင်းတွေ ပါးလွှာလာကာ နောက်ဆက်တွဲ ဆိုးရွားလှတဲ့အကျိုးဆက်တွေကို ရင်ဆိုင်လိုက်ရပုံကို ဇာတ်ရှိန်ပြင်းပြင်း ရိုက်ပြထားတာ ဖြစ်ပါတယ်။ အိမ်ထောင်ရေးအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာခြောက်လှန့်မှုနဲ့ Adult Themes တွေ ပါဝင်တာကြောင့် လူကြီးတွေသာ ကြည့်ရှုဖို့ သင့်တော်ပါတယ်။ Nordic Psychological Thriller ကားကောင်းတွေ ကြိုက်သူတွေနဲ့ လူ့စိတ္တဇအမှောင်ဘက်ခြမ်းကို ဖော်ကျူးထားတဲ့ စကန်ဒီနေးဗီးယားရုပ်ရှင်ဆန်းဆန်းတွေ ကြည့်ချင်သူတွေအတွက် သင့်တော်ပါတယ်။ File Size… (1.52GB) / (843MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 50m Genre …Thriller and Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း