ဇာတ်ကားများ ရွေးရန်

Blowback

2022ဇာတ်ကားအမှတ် 6.2/1093 မိနစ်

အသက်အန္တရာယ်ရှိနေတဲ့ သမီးလေးကို ဆေးကုသပေးဖို့ ငွေရှာရမယ့် ဖခင်တစ်ယောက်ရဲ့အကြောင်းပါ။ အောင်မြင်မယ်လို့ ထင်ထားတဲ့ အစီအစဉ်တွေ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ဘဲ ဖြစ်နေတဲ့ကြားက သူကတော့ ပြန်ကြိုးစားနေတယ်။ သမီးလေးအတွက် ကုသစရိတ်လိုနေတာကြောင့် လက်လျှော့နေလို့ မရပါဘူး။ သူနဲ့ သူငယ်ချင်းတစ်သိုက်ဟာ သေသေချာချာ အစီအစဉ်ဆွဲပြီး ဘဏ်တစ်ခုကို ဓားပြတိုက်ကြပါတယ်။ ဒီလောက်ပြင်ဆင်ထားတဲ့ ဘဏ်ဓားပြမှု အောင်မြင်ပါ့မလားဆိုတာအပြင် သူနဲ့ ရည်းစားဟောင်းကြားက အခြေအနေကိုလည်း ဆက်တွေ့ရမှာပါ။ သမီးလေး အသက်ရှင်နိုင်မလားဆိုတဲ့ မေးခွန်းလည်း ရှိနေသေးတဲ့ ၂၀၂၂ ခုနှစ်ထွက် အက်ရှင်၊ မှုခင်း၊ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း