ဇာတ်ကားများ ရွေးရန်

Let Me Tell You, Dad

2026ဇာတ်ကားအမှတ် 6.5/10111 မိနစ်

Let me tell you Dad (2026) ဆပ်ကပ်ဆရာ အဖေဖြစ်သူနဲ့ သားတို့ကြားက ပြတ်တောက်သွားတဲ့ သံယောဇဉ်ကို ပြန်လည် ဆက်စပ်ဖို့ ကြိုးစားကြရပုံကို ရိုက်ကူးထားတဲ့ ဗီယက်နမ် Drama ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် ဆာ့စ်က (Circus) ဝိုင်းမှာ အန္တရာယ်များလှတဲ့ ပြကွက်တွေကို စွန့်စား ပြသနေရတဲ့ အဖေဖြစ်သူနဲ့ သူ့ရဲ့ သားလေးတို့အကြောင်းကနေ စတင်ထားတာပါ။ အလုပ်အကိုင်နဲ့ ဘဝရဲ့ ဖိအားတွေကြောင့် အဖေနဲ့သားကြားမှာ သံယောဇဉ်တွေ ပြတ်တောက် စိမ်းကားခဲ့ရပေမဲ့... တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ ပျောက်ဆုံးသွားတဲ့ ဆက်နွှယ်မှုကို ပြန်လည် ရှာဖွေဖို့အတွက် ခရီးတစ်ခုကို အတူတူ ထွက်ခွာခဲ့ကြပါတော့တယ်။ ခရီးလမ်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ တစ်ယောက်ရဲ့ စိတ်ဒဏ်ရာကို တစ်ယောက်က နားလည်ပေးလာကြပုံတွေကို မြင်တွေ့ရမှာပါ။ အဖေဖြစ်သူရဲ့ ပေးဆပ်မှုနဲ့ သားဖြစ်သူရဲ့ ရင်ထဲက စကားတွေကို ရိုက်ပြထားလို့ မိသားစုနဲ့အတူ ကြည့်ဖို့ အထူး သင့်လျော်ပါတယ်။

ဇာတ်လမ်းအကြောင်း