ဇာတ်ကားများ ရွေးရန်

Race to Freedom: Um Bok-dong

2019ဇာတ်ကားအမှတ် 6.7/10116 မိနစ်

Race to Freedom: Um Bok Dong (2019) စက်ဘီးတစ်စီးနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို တာဝန်ယူခဲ့တဲ့ ဖြစ်ရပ်မှန် သမိုင်းဝင် အားကစားဒရမ်မာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ​၁၉၁၀ ပြည့်နှစ် ဂျပန်ရဲ့ အမှောင်မိုက်ဆုံး ဖိနှိပ်မှုအောက်မှာ ကိုးရီးယားပြည်သူတွေ မျှော်လင့်ချက်မဲ့နေချိန်... ရိုးသားတဲ့ ရွာသားလေး အွန်းဘို့ဒုံ (Rain) ဟာ ခိုးခံလိုက်ရတဲ့ စက်ဘီးဖိုး ပြန်ရှာရင်းကနေ စက်ဘီးစီးပြိုင်ပွဲလောကထဲကို မထင်မှတ်ဘဲ ရောက်ရှိလာခဲ့ပါတယ်။ ​ဂျပန်အာဏာပိုင်တွေက ကိုးရီးယားပြည်သူတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ စက်ဘီးပြိုင်ပွဲကြီး ကျင်းပခဲ့ပေမဲ့၊ မွေးရာပါ ပါရမီရှင် အွန်းဘို့ဒုံရဲ့ အနိုင်ယူပြမှုဟာ ဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံးအတွက် “မျှော်လင့်ချက်နဲ့ အမျိုးသားဂုဏ်သိက္ခာရဲ့ သင်္ကေတ” ဖြစ်လာခဲ့ပါတယ်။ ဒါကို မရှုစိမ့်တဲ့ ဂျပန်တွေက သူ့ကို တားဆီးဖို့ မသမာတဲ့ နည်းလမ်းပေါင်းစုံ သုံးလာတဲ့အခါ... ပြိုင်ကွင်းထက်က စက်ဘီးလမ်းကြောင်းဟာ ရိုးရိုးပြိုင်ပွဲတစ်ခုမဟုတ်တော့ဘဲ လူမျိုးတစ်မျိုးလုံးရဲ့ လွတ်လပ်ရေးအတွက် အသက်နဲ့လဲရမယ့် တိုက်ပွဲ တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ အွန်းဘို့ဒုံအဖြစ် ​မင်းသား Rain ရဲ့ အားပါလှတဲ့ သရုပ်ဆောင်မှု၊ ရင်ခုန်စရာ စက်ဘီးပြိုင်ပွဲ အခန်းတွေနဲ့အတူ မင်းသမီး Kang So-ra နဲ့ တခြားသရုပ်ဆောင်ပေါင်းများစွာရဲ့ ကိုလိုနီခေတ် မျိုးချစ်စိတ်ဓာတ်ကို ကြက်သီးထဖွယ် ခံစားရမှာမို့ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File Size - 2.2 GB/ 879 MB Quality - NF WEB-DL 1080p/ 720p Duration - 1h 56m Format - mp4 Genre - Drama Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း