ဇာတ်ကားများ ရွေးရန်

The Secret of Kells

2009ဇာတ်ကားအမှတ် 7.4/1079 မိနစ်

The Secret of Kells ဆိုတာ အိုင်ယာလန်နိုင်ငံရဲ့ နာမည်ကျော် အန်နီမေးရှင်း စတူဒီယို Cartoon Saloon နဲ့ ဒါရိုက်တာ Tomm Moore တို့ရဲ့ နာမည်ကျော် Irish Folklore Trilogy (အိုင်ယာလန် ရိုးရာဒဏ္ဍာရီ သုံးကားတွဲ) ရဲ့ ပထမဆုံး လက်ရာမွန် ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ သူကတော့ အိုင်ယာလန်နိုင်ငံရဲ့ သမိုင်းဝင် အမွေအနှစ်ဖြစ်တဲ့ "Book of Kells" (ရှေးဟောင်း လက်ရေးမူ သရုပ်ဖော်ကျမ်းစာ) ရေးသားခဲ့ပုံကို Celtic ဒဏ္ဍာရီများနှင့် ရောယှက်ကာ ပန်းချီကားတစ်ချပ်လို လှပစွာ ပုံဖော်ထားပြီး အော်စကာဆု (Best Animated Feature) ဆန်ခါတင်စာရင်းတောင် ဝင်ခဲ့သေးတဲ့ Animation လေး ဖြစ်ပါတယ်...။ သူ့ဇာတ်လမ်းလေးကတော့ ၉ ရာစုခေတ် အလယ်ခေတ် အိုင်ယာလန်နိုင်ငံမှာ မြောက်ပိုင်းသားခေါ် ဗိုက်ကင်း လူရိုင်းတွေရဲ့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှု အန္တရာယ် ကြီးမားနေချိန် ဖြစ်ပါတယ်။ အဓိကဇာတ်ကောင် အသက် ၁၂ နှစ်အရွယ် ကောင်လေး ဘရန်ဒန်ဟာ သူ့ရဲ့ ဦးလေးဖြစ်သူ ကျောင်းတိုက်ဆရာတော် စီမံဆောက်လုပ်နေတဲ့ မြင့်မားတဲ့ ကျောက်တံတိုင်းကြီးတွေ ကာရံထားတဲ့ ကဲလ်စ်ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ နေထိုင်ပါတယ်။ ဦးလေးဖြစ်သူက ဗိုက်ကင်းရန်ကို ကာကွယ်ဖို့ တံတိုင်းဆောက်ခြင်းကိုသာ အဓိက အာရုံစိုက်နေချိန်မှာ၊ ပညာရှိစာရေးဆရာကြီး အေဒန် ရောက်ရှိလာပြီး မပြီးပြတ်သေးတဲ့ ရှေးဟောင်း သရုပ်ဖော်ကျမ်းစာအုပ်ကြီးကို ပြသခဲ့ပါတယ်။ အဲဒီမှာတင် ကျမ်းစာအုပ် ပြီးမြောက်အောင် မင်ရည်ဖော်စပ်ဖို့ လိုအပ်တဲ့ သစ်သီးရနံ့တွေ ရှာဖွေရင်း ဘရန်ဒန်ဟာ တားမြစ်ထားတဲ့ မှော်တောအုပ်ကြီးထဲကို စွန့်စားဝင်ရောက်ခဲ့ရာမှာ တောစောင့်နတ်သမီးလေး အက်ရှ်လင်း နဲ့ ဆုံတွေ့ပြီး၊ ရှေးဟောင်း အမှောင်နတ်ဆိုး ဆီကနေ အလင်းမျက်လုံးရတနာ ဖန်ကျောက် ကို အရယူကာ စာအုပ်ကို ပြီးမြောက်အောင် ဘယ်လိုတွေ ရေးဆွဲသွားမလဲဆိုတာကို ခံစားရမှာပါ။ ဒီကားလေးဟာ 3D CGI အန်နီမေးရှင်းတွေ ကြီးစိုးနေတဲ့ ခေတ်ထဲမှာ ရှေးဟောင်း အိုင်ယာလန် ပန်းချီဒီဇိုင်းများ၊ ဂျီဩမေတြီ အနုပညာမျဉ်းကွေးများနဲ့ ရေးဆွဲထားတဲ့ 2D Hand-drawn Animation ရုပ်ထွက်က အလွန်ထူးခြားပြီး မျက်စိပသာဒ ဖြစ်စေလို့ မြင်ကွင်းတိုင်းဟာ ပြတိုက်ထဲက ပန်းချီကားတစ်ချပ်ကို လှုပ်ရှားနေသလို ကြည့်ရှုခံစားနေရမှာလည်း အမှန်ပဲ ဖြစ်ပါတယ်...။

ဇာတ်လမ်းအကြောင်း