Monster High: Freaky Fusion
ဒီကားလေးကတော့ Mattel ရဲ့ နာမည်ကျော် Monster High ဖက်ရှင်အရုပ် Franchise ရဲ့ ၈ ကားမြောက် 3D Animated ရုပ်ရှင်ဖြစ်ပြီး၊ အချိန်ခရီးသွားခြင်း နဲ့ ကာရိုက်တာနှစ်ခု ပေါင်းစပ်သွားတဲ့ ပြဿနာသစ် စိတ်ကူးသစ်တွေနဲ့ တင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါး Animation ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Monster High ကျောင်းတော်ကြီး စတင်တည်ထောင်ခဲ့တဲ့ နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် ပွဲတော်အတွင်းမှာ ကျောင်းသူလေးတစ်သိုက်ဟာ သူတို့ထဲကတစ်ယောက်ဖြစ်သူ ဖရန်ကီဟာ မိသားစုမျိုးရိုးအကြောင်းမသိတဲ့အတွက် အဘိုးဖြစ်သူ ဇာတ်မြစ်ကို ရှာဖွေရင်း မတော်တဆ အချိန်ခရီးသွား စက်တစ်ခုထဲကို ဝင်ရောက်မိကာ လွန်ခဲ့တဲ့ နှစ် ၂၀၀ (၁၈၁၄ ခုနှစ်) Monster High စတင်တည်ထောင်စ အချိန်ဆီ ရောက်သွားကြပါတယ်။ အဲဒီခေတ်မှာ ကျောင်းကို တည်ထောင်သူ သိပ္ပံပညာရှင်ပေါက်စ စပါကီ နဲ့ တွေ့ဆုံခဲ့ပြီးနောက် ပစ္စုပ္ပန်ကို ပြန်လာဖို့ ကြိုးစားချိန်မှာ အချိန်စက် ချွတ်ယွင်းသွားပြီး... အဲဒီကျောင်းသူလေးတွေဟာ နှစ်ယောက်ကနေ တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားပြီး ပြဿနာတွေတက်ကုန်ပါတယ်။ အဲဒီမှာတင် စပါကီကလည်း သူတို့နဲ့အတူ အနာဂတ်ထိ ပါလာပြီး ဘယ်လိုတွေ မွှေမလဲ၊ ပေါင်းစည်းသွားတာတွေကို ကျောင်းကိုအသစ်ရောက်လာတဲ့ ဟိုက်ဘရစ်မျိုးစပ်လေးတွေ အကူအညီနဲ့ ဘယ်လိုကြိုးစားရှင်သန်ပြီး ပြန်ခွာဖို့ လုပ်ကြမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း