Sugarhouse
Sugarhouse (2025) “မိသားစုဆိုတာ ကိုယ်ရွေးချယ်လိုမရပေမယ့် ကိုယ်ကာကွယ်ပေးနိုင်တဲ့အရာတစ်ခုပါ” မိသားစုတစ်ခုမှာ အတိတ်ကဒဏ်ရာတွေ၊ နာကျင်မှုတွေ၊ ပြောမထွက်ခဲ့တဲ့ လျှိဝှက်ချက်တွေ ရှိနေခဲ့ရင် အချိန်ကြာလာတာနဲ့အမျှ အားလုံးက ပျောက်ကွယ်သွားမလား... ဒီဇာတ်ကားကတော့ မိသားစုဆက်ဆံရေး၊ အတိတ်ကအမှားတွေနဲ့ ခွင့်လွှတ်ခြင်းတွေကို အခြေခံပြီး လူတစ်ယောက်ရဲ့ဘဝမှာ မိသားစုဆိုတာ ဘယ်လောက်အထိ အရေးကြီးလဲဆိုတာကို ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ "မေစီ" နဲ့ "ခရစ်ကတ်" ညီအစ်မနှစ်ယောက်ဟာ အဖေဖြစ်သူ ရုတ်တရက် ပျောက်သွားတဲ့နောက်မှာတော့ ဘဝမှာ အခက်အခဲတွေကြုံလာတဲ့အချိန် သူတိုရဲ့အစ်ကို "ဖင်န်"ကို အားကိုးလာကြပါတယ်။ ဒါပေမယ့် အစ်ကိုအပါအဝင် မိသားစုဝင်တိုင်းမှာ ကိုယ်စီ ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေနဲ့ အတိတ်တွေ ရှိနေကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီဖို ကြိုးစားရင်းနဲ့ အတိတ်ကို ရင်ဆိုင်ရမယ့်အချိန် ရောက်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ အတိတ်က အမှားတွေကြောင့် မိသားစုတစ်ခု ပျက်စီးသွားမလား… ဒါမှမဟုတ် ခွင့်လွှတ်ခြင်းက အရာအားလုံးကို ပြန်လည်တည်ဆောက်ပေးနိုင်မလားဆိုတာ... လျှိဝှက်ချက်တွေ၊ အလိမ်အညာတွေနဲ့ ပြည့်နှက်နေတဲ့ ဒီကစားပွဲမှာ နောက်ဆုံးအထိ ဘယ်သူကျန်နေခဲ့မလဲဆိုတာကို ကိုယ်တိုင်ကြည့်ပြီး ခံစားကြည့်လိုက်ပါဦး
ဇာတ်လမ်းအကြောင်း