Monster High: Boo York, Boo York
သူကတော့ Monster High Franchise တစ်ခုလုံးရဲ့ ပထမဆုံးသော Musical ရုပ်ရှင်ဖြစ်ပြီး ပရိသတ်တွေကြားမှာ ယနေ့တိုင် အကောင်းဆုံး တေးသီချင်း Album ထွက်ရှိခဲ့တဲ့ ရုပ်ရှင်အဖြစ် အထူးရေပန်းစားတဲ့ လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။ New York မြို့ကြီးရဲ့ Broadway ပြဇာတ်ရုံ လောကနဲ့ မိုးပျံကြယ်တံခွန် (Comet) မှော်စွမ်းအားတွေကို ပေါင်းစပ်ကာ Cleo de Nile နဲ့ Deuce Gorgon တို့ရဲ့ အချစ်ရေးကို အဓိက အသားပေး ပုံဖော်တင်ဆက်ထားတာပါ။ သူ့ဇာတ်လမ်းလေးကကျ အီဂျစ်ဖာရို မိသားစုဝင် Cleo de Nile ဟာ သူမရဲ့ ဖခင်ဖြစ်သူ Ramses de Nile ရဲ့ ဖိတ်ခေါ်မှုကြောင့် Boo York မြို့တော်ကြီးမှာ ကျင်းပမယ့် သမိုင်းဝင် ကြယ်တံခွန်ဖြတ်သန်းပွဲကို တက်ရောက်ဖို့ သူမရဲ့ သူငယ်ချင်းတစ်စုနဲ့ ချစ်သူ Deuce Gorgon တို့ကို ခေါ်ဆောင်သွားပါတယ်။ ဒါပေမဲ့ ဒီပွဲရဲ့ နောက်ကွယ်မှာတော့ ဖခင်ဖြစ်သူနဲ့ အစ်မဖြစ်သူ Nefera တို့ဟာ အာဏာနဲ့ စည်းစိမ်ချမ်းသာ တိုးတက်စေဖို့အတွက် Cleo ကို Boo York မြို့ရဲ့ သူဌေးသား Seth Ptolemy နဲ့ အတင်းအဓမ္မ စေ့စပ်ပေးဖို့ ကြံစည်ထားကြပါတယ်။ တစ်ဖက်မှာလည်း နာမည်ကျော် အဆိုတော်မလေး Catty Noir ဟာ သူမရဲ့ သီချင်းဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးနေချိန်မှာ မြို့ပြဂီတသမား ကောင်လေး Pharaoh နဲ့ ဆုံတွေ့ပြီး သီချင်းအသစ်တွေ ပြန်လည်ရှာဖွေတွေ့ရှိလာပါတယ်။ ကောင်းကင်က ကြယ်တံခွန်ကြီး ကမ္ဘာမြေပေါ် ကျရောက်လာချိန်မှာတော့ အာကာသဂြိုဟ်သား အဆိုတော်မလေး Astranova နိုးထလာပြီး Monster High အဖွဲ့သားတွေအားလုံး ပူးပေါင်းကာ အချစ်စစ်နဲ့ လွတ်လပ်မှုကို ဘယ်လိုတွေ အရယူကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ။ Monster High: Boo York, Boo York ကတော့Monster High ရုပ်ရှင်တွေထဲမှာ သီချင်းအကောင်းဆုံးနဲ့ ဇာတ်အိမ် အခိုင်မာဆုံး လက်ရာတွေထဲက တစ်ခုဖြစ်ပြီး၊ Musical ချစ်သူတွေနဲ့ မွန်စတာဖက်ရှင် ဝါသနာရှင်တွေ မဖြစ်မနေ ကြည့်ရှုနားဆင်သင့်တဲ့ Animation ရုပ်ရှင်လေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း