The Last Blossom
ဒီ Anime ဇာတ်ကားသစ်လေးကတော့ တခြား Anime ကားတွေလို အက်ရှင် စွန့်စားခန်း ဘာညာမဟုတ်ပဲ ဘဝသရုပ်ဖော် ဒရမ်မာကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ထောင်ကျနေတဲ့ ယာကူဇာဟောင်း ဘိုးတော်ကြီးတစ်ယောက်နဲ့ ထူးထူးခြားခြား လူစကားတွေပြောနေတဲ့ ဒန်းပန်းလေးကနေ စတင်ထားတယ်။ ၂ ဦးသားစကားတွေပြောရာကနေမှ ယာကူဇာဘိုးတော်ကြီးဟာ သူ့ဘဝဟောင်း ဇာတ်လမ်းဟောင်းလေးတွေကို ပြန်လည်တမ်းတ လွမ်းဆွတ်တဲ့အနေနဲ့ အတိတ်က အဖြစ်အပျက်တွေတစ်လှည့် သူတို့နှစ်ယောက်တစ်လှည့်နဲ့ ပုံဖော်ထားတာမျိုး။ ဒီယာကူဇာကြီးဟာ သူနဲ့ ကိုယ်ဝန်ရထားတာမဟုတ်ပဲ သူ့ထက် အသက်ငယ်တဲ့ သူ ချစ်ရတဲ့ ကောင်မလေးတစ်ယောက်ကို ကလေးနဲ့အတူ အိမ်ပေါ်ကို ခေါ်တင်ထားတယ် စောင့်ရှောက်ပေးထားတယ်။ အဲဒီကနေ ဒီယာကူဇာအလုပ်တွေလုပ်ရင်းနဲ့ ဒီ အကျဉ်းထောင်ထဲကို ဘယ်လိုရောက်လာသလဲဆိုတာကို သူတို့ချင်း စကားပြော အတိတ်ကို ပြန်ပြရာကနေတစ်ဆင့် ခံစားပြီး ကြည့်သွားရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဒီကားလေးကတော့ သာမန်ဇာတ်ကားမျိုး မဟုတ်ဘဲ လူတစ်ယောက်ရဲ့ ဘဝနေဝင်ချိန်မှာ ကျန်ရစ်တဲ့ နောင်တ၊ အချစ်နဲ့ ခွင့်လွှတ်ခြင်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ထဲစွဲကျန်အောင် တင်ဆက်ပြသသွားတာလည်း ဖြစ်ပါတယ်။ အားပေးလိုက်ကြပါဦး...။
ဇာတ်လမ်းအကြောင်း