Chaos
ပြန်ပေးဆွဲမှုတစ်ခုမှာ ပြန်ပေးသမားရော ဓားစာခံပါ သေဆုံးသွားတာကြောင့် တာဝန်ရှိရဲအရာရှိနှစ်ယောက် အရေးယူခံလိုက်ရပါတယ်။ ယော့ခ်က အလုပ်ထုတ်ခံရပြီး ကော်နာစ်ကတော့ တာဝန်ကနေ ဆိုင်းငံ့ခံရတယ်။ ဒါပေမယ့် ဘဏ်ဓားပြမှုတစ်ခု ဖြစ်လာချိန်မှာ ကော်နာစ်ကို ပြန်ခေါ်ဖို့ အကြောင်းဖန်လာပါတယ်။ ဘဏ်ဓားပြတွေက စုံထောက်ကော်နာစ်ကလွဲရင် ဘယ်သူနဲ့မှ စကားမပြောဘူးလို့ တောင်းဆိုလာကြတာပါ။ ဒီလိုနဲ့ အမှုထဲ ပြန်ဝင်လာရတဲ့ ကော်နာစ်ဟာ စုံထောက်အသစ်လေး ရှိန်းဒက်ကာနဲ့ တွဲလုပ်ရပါတယ်။ စိတ်အချဉ်ပေါက်နေပေမယ့် အလုပ်မှာ ထူးချွန်တဲ့ ကော်နာစ်နဲ့ အတွေ့အကြုံနည်းသေးတဲ့ ရှိန်းတို့ ဓားပြတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ပါ့မလားဆိုတာကို Jason Statham ပါဝင်ထားတဲ့ ဒီအက်ရှင်၊ မှုခင်းဇာတ်ကားမှာ ဆက်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း