ဇာတ်ကားများ ရွေးရန်

I Won't Die for Love

2026ဇာတ်ကားအမှတ် 7.0/1094 မိနစ်

Yo No Morir de Amor (2026) ​“မိသားစုတာဝန်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကြားက လွန်ဆွဲပွဲ... ငါတိုရော အချစ်အတွက်နဲ့ ကိုယ့်ဘဝကို စုန်းစုန်းမြှုပ်ပစ်လိုက်သင့်သလား” ​၂၀၂၆ ခုနှစ် Málaga Film Festival မှာ အမြင့်ဆုံးဆု ရရှိခဲ့တဲ့ စပိန်-ဘယ်ဂျီယံ ပူးပေါင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ ပရိသတ်တွေရဲ့ ရင်ကို တကယ်ပဲ လှုပ်ခါသွားစေမယ့် လက်တွေ့ဆန်လွန်းတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် ​အသက် ၂၀ အရွယ် အပျိုဖော်ဝင်စ ကလော်ဒီယာရဲ့ ဘဝထဲကို မမျှော်လင့်ထားတဲ့ တိတ်ဆိတ်တဲ့ မုန်တိုင်းတစ်ခု ဝင်ရောက်လာခဲ့ပါတယ် အဲဒါကတော့ သူ့ရဲ့အမေက အယ်ဇိုင်းမားရောဂါ စတင်ခံစားလာရတာပါပဲ ​လူငယ်တစ်ယောက်ရဲ့ ပျော်စရာကောင်းတဲ့ လူငယ်ဘဝ၊ လွတ်လပ်ခွင့်နဲ့ အနာဂတ်အိမ်မက်တွေကို စွန့်လွှတ်ပြီး အိမ်မှာပဲ အ​မေကို ပြုစုစောင့်ရှောက်ရမဲ့အဖြစ်ကို မြန်မြန်ဆန်ဆန် ကူးပြောင်းလိုက်ရဖို သူ အဆင်သင့်မဖြစ်သေးပါဘူး အိမ်အပြင်မှာ သူဆုပ်ကိုင်ထားတဲ့ မူဝါဒကတော့ "ရပ်တန့်မသွားနဲ့" ဆိုတာပါပဲ ဒါပေမဲ့ သူ့ရဲ့အမေ ခံစားနေရတဲ့ ရောဂါကလည်း ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်​တော့ပါဘူး ​မိသားစုအပေါ် ထားတဲ့ မေတ္တာ၊ တာဝန်သိစိတ်နဲ့ ကိုယ့်ရဲ့ လူငယ်ဘဝကို လွတ်လပ်စွာ ရှင်သန်ချင်တဲ့ ဆန္ဒကြားမှာ လွန်ဆွဲနေရတဲ့ ကလော်ဒီယာတစ်ယောက် မိသားစုအနှောင်အဖွဲတွေကြားမှာ ကိုယ့်ကိုယ်ကို မပျောက်ကွယ်သွားရအောင် ဘယ်လိုမျိုး တုံပြန်မလဲဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမှာပါ... ​မိသားစု ဒရမ်မာဇာတ်ကားကောင်း​တွေကို ကြိုက်နှစ်သက်သူတွေ ဘဝရဲ့ အဓိပ္ပာယ်နဲ့ သံယောဇဉ်ရဲ့ လေးလံမှုကို ခံစားကြည့်ရှုချင်သူအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ movie လေးပါပဲ

ဇာတ်လမ်းအကြောင်း