ဇာတ်ကားများ ရွေးရန်

Gandhari

2026ဇာတ်ကား115 မိနစ်4K

Gandhari (2026) သမီးဇော Netflix ကနေအသစ်စက်စက် ထွက်ရှိလာတဲ့ မိခင်တစ်ယောက်ရဲ့ သမီးဇောနဲ့ ပေးဆပ်မှုတွေကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ပြထားတဲ့ အိန္ဒိယ Action Thriller ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဘာနီ နဲ့ ဂိုကူးလ် တို့ဇနီးမောင်နှံဟာ သမီးလေး မစ်ရှ်တီနဲ့အတူ ရထားနဲ့ခရီးထွက်လာကြပါတယ်။ဘူတာရုံမှာ ရထားခဏရပ်တုန်း အမျိုးသားဖြစ်သူက မုန့်ထွက်ဝယ်နေချိန် ဘာနီက သမီးလေးကို ခေါ်ပြီး ရထားအိမ်သာဘက် ခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ ခဏလေး အာရုံလွဲသွားတဲ့အချိန်မှာပဲ သမီးလေး ပျောက်သွားခဲ့ပါပြီ။ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်က သမီးလေးကို ပွေ့ချီပြီး လှေကားထက် ပြေးဆင်းသွားတာကို မြင်လိုက်ရတာကြောင့် ဘာနီလည်း ရထားပေါ်ကနေ ချက်ချင်းခုန်ဆင်းပြီး နောက်ကနေ အသည်းအသန် လိုက်ရင်းနဲ့ ခေါင်းကို သံချောင်းနဲ့ အပြင်းအထန် ရိုက်ခံလိုက်ရပြီး သတိမေ့သွားခဲ့ရပါတယ်။သတိပြန်ရလာချိန်မှာတော့ သမီးလေးက ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီဖြစ်သလို၊ သူမရဲ့ မျက်စိဟာလည်း ရိုက်နှက်ခံရမှုကြောင့် ခဏတာ အမြင်အာရုံ ကွယ်သွားခဲ့ရပါတယ်။ ဆရာဝန်တွေက မျက်လုံးကို အဝတ်စည်းထားဖို့ မဖြစ်မနေ ပြောခဲ့ပေမဲ့ သမီးဇောနဲ့ မိခင်တစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတော့ ဘာနဲ့မှ တားဆီးလို့ မရခဲ့ပါဘူး။မျက်စိမမြင်ရတော့တဲ့ ဘာနီဟာ သမီးလေးကို ပြန်ရှာဖို့နဲ့ ကလေးမှောင်ခိုကွန်ရက်ကြီးကို ဖြိုခွင်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ‌ေ_သမင်းနဲ့တူတဲ့ လက်စားချေသူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ.....မင်းသမီး Taapsee Pannu ရဲ့ မိခင်တစ်ယောက်ရဲ့ နာကျင်မှု၊ ဒေါသနဲ့ ကြမ်းတမ်းတဲ့ အက်ရှင်ခန်းတွေကို အပြည့်အဝ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size… 5.6 GB / 1.75 GB / 1 GB Quality…WEB DL 4k HEVC / 1080p HEVC/ 720p Format…mkv/ mp4 Duration…. 1h 55m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း