ဇာတ်ကားများ ရွေးရန်

Logan's War: Bound by Honor

1998ဇာတ်ကားအမှတ် 5.3/1090 မိနစ်

ဒီကားမှာတော့ ကွီးချက်က အကြမ်းလွန်ပြီး ကိုယ်တိုင်တောင်မပါတော့ပဲ သူ့တူသားပေါက်လေးကိုပဲ သင်ပေးတာတောင် သူ့တူလေးကတနိုင်ငံလုံးပတ်ချနိုင်လောက်အောင်စွမ်းပါတယ်။ ကွီးချက်ပညာနဲ့တောင် ဘယ်လောက်စွမ်းလဲဆိုတာကိုကြည့်ပါ။ ဇာတ်လမ်းဟာ အသက် (၁၀) နှစ်အရွယ် ကောင်လေး လိုဂန် ဖယ်လွန် (Logan Fallon) ကနေ စတင်ပါတယ်။ လိုဂန်ရဲ့ ဖခင်ဟာ ခရိုင်ရှေ့နေတစ်ဦးဖြစ်ပြီး မာဖီးယားဂိုဏ်းကြီးတစ်ခုကို အမှုဖွင့်ဖို့ ပြင်ဆင်နေချိန်မှာပဲ မိသားစုတစ်ခုလုံး လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်။ လိုဂန် တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး မိသားစုကို သတ်သွားတဲ့ လူဆိုးတွေကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လိုဂန့်ကို အမေရိကန် အထူးတပ်ဖွဲ့ဝင် (Army Ranger) ဟောင်းဖြစ်တဲ့ ဦးလေးဖြစ်သူ ဂျိတ်ခ် (ကွီးချက်) က ခေါ်ယူမွေးစားခဲ့ပါတယ်။ ဦးလေးဖြစ်သူက လိုဂန်ကို ကိုယ်ခံပညာတွေ၊ လက်နက်ကိုင်တွယ်နည်းတွေ သင်ပေးခဲ့ပြီး လိုဂန်ကိုယ်တိုင်လည်း ကြီးလာတဲ့အခါ Ranger တပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါမှာတော့ အရွယ်ရောက်လာပြီဖြစ်တဲ့ လိုဂန် (သရုပ်ဆောင် Eddie Cibrian) ဟာ တပ်ကနေထွက်ပြီး သူ့မိသားစုကို သတ်ခဲ့တဲ့ မာဖီးယားဂိုဏ်းထဲကို "ဂျင်မီ တက်စတာ" (Jimmy Testa) ဆိုတဲ့ ကြေးစားလူသတ်သမား နာမည်နဲ့ လျှို့ဝှက် ဝင်ရောက်ပါတော့တယ်။ အဲဒီနောက် ဦးလေးဖြစ်သူ ဂျိတ်ခ်ရဲ့ အကူအညီနဲ့ လူဆိုးတွေကို ဘယ်လို လက်စားချေမလဲ ဆိုတာကို ၉၀ ပြည့်လွန်နှစ် အက်ရှင်စတိုင်လ်နဲ့ ကြည့်ရှုရမှာပါ။ File size… 1.83 GB / 1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Action, Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း