ဇာတ်ကားများ ရွေးရန်

Unfruitful Times (Aka) Ölü Mevsim

2025ဇာတ်ကားအမှတ် 5.7/10120 မိနစ်

Ölü Mevsim (2025) ဒီဇာတ်လမ်းလေးက Istanbul က အရမ်းရှေးရိုးဆန်တဲ့ ဒေသတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ Nimet က အကြီးဆုံးအစ်မဖြစ်ပြီးတော့ ကလေးအမေ အရမ်းဖြစ်ချင်ပေမဲ့ ကလေးမရနိုင်ဘဲ ပျက်ကျခဲ့ပါတယ်။ အဲဒီရပ်ဝန်းမှာ အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးကို ကလေးရနိုင်စွမ်းနဲ့ သတ်မှတ်တာမို့ Nimet က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ထိုးနှက်မှုတွေကို ခံနေရတဲ့ သူတစ်ယောက်ပါ။ Öznur ကတော့ Nimet ရဲ့ ညီမဖြစ်ပြီးတော့ Nimet တို့ မိသားစုနဲ့ အတူနေထိုင်ပါတယ်။ Nimet က ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်းမှာ စိတ်ဓာတ်ကျဝမ်းနည်းပြီး သူ့ညီမ Öznur ကို မနာလိုဖြစ်လာပါတယ်။ သူမက ကလေးမရနိုင်တဲ့သူဖြစ်တာကြောင့် သူ့ယောက်ျား Halil က သူ့ညီမ Öznur နဲ့ တိတ်တခိုး ကလေးလိုချင်နေမယ်လို့ သံသယဝင်လာပါတော့တယ်။ ဒီလိုနဲ့ သူတို့မိသားစုဝင်တွေကြား သံသယတွေ၊ တင်းမာမှုတွေပေါ်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရှေးရိုးစွဲ လူ့အသိုင်းအဝိုင်းကြီးရဲ့ အမျိုးသမီးတွေအပေါ် ဝေဖန်အပြစ်တင်နှိပ်ကွပ်တတ်တဲ့ လက်တွေ့ဘဝ အဖြစ်အပျက်တွေကို ရောင်ပြန်ဟပ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size… (1.1 GB) / (540 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:00:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း