ဇာတ်ကားများ ရွေးရန်

Barreda

2026ဇာတ်ကားအမှတ် 7.0/10105 မိနစ်

Barreda (2026) IMDb Rating (6.3) ၁၉၉၂ ခုနှစ်၊ အာဂျင်တီးနားနိုင်ငံ၊ လာပလာတာမြို့ငယ်လေးမှာ ရိုးရိုးအေးအေးနေတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်တဲ့ ရီကာဒို ဘာရီဒါဟာ သူ့မိသားစုနေအိမ်မှာ ဇနီး၊ ယောက္ခမနဲ့အသက်ပြည့်ပြီးကာစ သမီးနှစ်ယောက်ကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒါတင်မကသေးပဲ သတင်းမီီဒီယာတွေရှေ့မှာ သူ့ကိုယ်သူ မိသားစုရဲ့အနှိပ်စက်ခံတစ်ယောက်အဖြစ် ပုံဖော်ခဲ့ပြီး တစ်နိုင်ငံလုံး အုတ်အော်သောင်းတင်းဖြစ်သွားစေတဲ့ အရှုပ်တော်ပုံကြီးတစ်ခုကိုဖန်တီးခဲ့ပါသေးတယ်။ အဲ့ဒီဖြစ်ရပ်ဆိုးကြီးကိုအခြေခံထားတဲ့ ဒီဇာတ်ကားမှာတော့ လူသတ်သမားရဲ့ရှုထောင့်က မဟုတ်ပဲ ကာလရှည်လျစ်လျူရှုခံထားခဲ့ရတဲ့ အပြစ်မဲ့ သားကောင် အမျိုးသမီးတွေရဲ့ရှုထောင့်အသစ်ကနေ ပြန်လည်ပုံဖော်ထားတဲ့ True Crime Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာဟာအာဂျင်တီးနားရဲဲ့သမိုင်းဝင်အဖြစ်ဆိုးတစ်ခုကိုရုပ်ရှင်အဖြစ်ပြန်ပြီး ပုံဖော်တဲ့နေရာမှာ တစ်ခြားဇာတ်ကားတွေလို လူသတ်သမားကို အမွှမ်းတင်ခြယ်သခြင်းမပြုပဲနဲ့ လူသတ်သမားကိုအားပေးအားမြှောက်ပြုလေ့ရှိကြတဲ့ လူအဖွဲ့အစည်းရဲ့ပုပ်ဆွေးနေတဲ့အမှန်တရားကို ရဲရဲဝံ့ဝံ့မီးမောင်းထိုးပြသွားခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကာလ Production Design တွေဟာ ပီပြင်စနစ်ကျလှပြီး အဓိပ္ပါယ်မဲ့ အလွန်အကျွံလုပ်ဇာတ်တွေမပါပဲ တကယ့်ဖြစ်ရပ်တစ်ခုကိုဘေးကထိုင်ကြည့်နေရသလိုမျိုးခံစားရမှာဖြစ်သလို ဘာရီဒါအဖြစ်သရုပ်ဆောင်တဲ့ မင်းသားကြီး Luis Machín ရဲ့အေးစက်စက်အမူအယာ၊ ဇနီးနဲ့ ယောက္ခမအဖြစ်သရုပ်ဆောင်တဲ့ Carla Peterson နှင့် Mercedes Morán တို့ရဲ့ထိန်းချုပ်နေရဟန်တွေဟာ တိတ်ဆိတ်ခြင်းကြားက ထိတ်လန့်တုန်လှုပ်မှုကို ပိုပြီးပေါ်လွင်စေပါတယ်။ ဖြစ်ရပ်မှန် ဇာတ်ကားကောင်း ငတ်မွတ်နေတဲ့သူတွေအတွက် စိတ်အဆာပြေစေမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (2.1 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama,History Duration…. 01:45:41 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း