ဇာတ်ကားများ ရွေးရန်

On the Road (Aka) En el camino

2026ဇာတ်ကားအမှတ် 8.4/1093 မိနစ်

On the Road (2026) IMDb rating 7.3/10 ရရှိထားပြီး နာမည်ကျော်ဒါရိုက်တာကြီး David Pablos ရိုက်ကူးထားတဲ့ LGBTQIA+, crime, drama တစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ငယ်ရွယ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်တဲ့ Veneno က အဝေးပြေးလမ်းမမှာ တရားမဝင်အလုပ်တွေလုပ်ပြီး ကားကြုံလိုက်ရင်း လူဆိုးတွေလက်ထဲက ထွက်ပြေးနေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာ Muñeco ဆိုတဲ့ လူလတ်ပိုင်းအရွယ် တည်ငြိမ်ရင့်ကျက်တဲ့ ထရပ်ကားဆရာတစ်ယောက်နဲ့ ဆုံခဲ့ကြပါတယ်။ Muñeco မှာက ဇနီးနဲ့ကလေးတွေရှိပေမဲ့ သူကတော့ အထီးကျန်ပြီး မပျော်ရွှင်ခဲ့ပါဘူး။ ဒီလိုနဲ့ ကားကြုံလိုက်စီးတဲ့ Veneno နဲ့ Muñeco တို့ မိုင်ပေါင်းများစွာရှည်တဲ့ မက္ကဆီကိုကန္တာရတွေကို အတူဖြတ်ကျော်ရင်း သူတို့နှစ်ယောက်သား အချိန်အတူတူကုန်ဆုံးတာ ကြာလာချိန်မှာတော့ တစ်ယောက်ကိုယ်တစ်ယောက် အရမ်းချစ်မိလာကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အချစ်ရေးက ထာဝရ မပျော်ရွှင်နိုင်ခဲ့ဘဲ Veneno ရဲ့ အတိတ်က သူ့နောက်ကိုလိုက်နေတဲ့ အန္တရာယ်များတဲ့ ရာဇဝတ်သားတွေ သူတို့ကို ခြေရာခံမိချိန်မှာတော့ လူဆိုးတွေရဲ့ ရန်ကနေ လွတ်မြောက်အောင် ထွက်ပြေးပြီး အချင်းချင်း ကာကွယ်ပေးနိုင်ကြမလားဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးဗျာ။ File size… (1.3 GB) / (490 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Romance, Thriller Duration…. 01:33:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း