ဇာတ်ကားများ ရွေးရန်

Sniper Hero

2022ဇာတ်ကား90 မိနစ်

၁၉၅၂ ခုနှစ်အစောပိုင်း မြောက်ကိုရီးယားနယ်မြေမှာ အမေရိကန်နဲ့ တရုတ်တို့ စစ်ဖြစ်နေချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ လက်နက်အင်အား မမျှပေမယ့် အဖွဲ့ ၈ ဟာ အမေရိကန်စစ်တပ်ရဲ့ ထိုးစစ်တွေကို အကြိမ်ကြိမ် ခုခံနိုင်ခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲတစ်ပွဲမှာတော့ အသေအပျောက်များသွားလို့ တပ်သားသစ်တွေ စုဆောင်းရပါတော့တယ်။ စီချွမ်သား ရန်တုန်းဖုန်းက အဖွဲ့ ၆ က တပ်သားတစ်ယောက်ပါ။ သူ့အဖွဲ့ဟာ ရန်သူ့တပ်ရဲ့ ချေမှုန်းမှုကို ခံခဲ့ရပြီး သူလေးစားအားကျတဲ့ အဖွဲ့ခေါင်းဆောင်လည်း အသက်ဆုံးရှုံးခဲ့ရတယ်။ အဲဒီနောက် ရန်တုန်းဖုန်းဟာ စနိုက်ပါအထူးတပ်ဖွဲ့ထဲ ဝင်လာပြီး ကလဲ့စားချေဖို့ ကြိုးစားပါတော့တယ်။ ရဲဘော်အသစ်တွေနဲ့အတူ တိုက်ပွဲဆက်ဝင်ရင်း သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ပါ့မလား။ ဒီဇာတ်ကားက တစ်ယောက်ကျသွားရင် နောက်တစ်ယောက်က အစားဝင်ပြီး ရှိတဲ့လက်နက်နဲ့ ဆက်တိုက်ကြတဲ့ စစ်သားတွေအကြောင်းကို အလေးပေးထားပါတယ်။ လက်နက်အင်အားချင်း မယှဉ်နိုင်တဲ့ တိုက်ပွဲထဲမှာ သူတို့ရဲ့ ယုံကြည်ချက်၊ စည်းလုံးမှုနဲ့ အလျှော့မပေးတဲ့စိတ်ကို ပြထားတာပါ။

ဇာတ်လမ်းအကြောင်း