ဇာတ်ကားများ ရွေးရန်

cocoon - One Summer of Girlhood

2026ဇာတ်ကား60 မိနစ်

ဒီကားလေးကတော့ Grave of the Fireflies တို့ ကျွန်တော် ဟိုတလောက တင်ခဲ့ဖူးတဲ့ Peleliu Guernica of Paradise တို့လို Anti-War အကြောင်းခံ နာကျင်ဖွယ်ရာ ဇာတ်ကြောင်းခံ Anime လေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ စာရေးဆရာမ Machiko Kyo ရဲ့ နာမည်ကျော် Manga ကို အခြေခံပြီး ဒါရိုက်တာ Yukimitsu Ina နဲ့ Studio Sasayuri တို့ ဖန်တီးထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ Historical Drama Anime ရုပ်ရှင်ကားကြီးပါ။ Studio Ghibli ရဲ့ ဝါရင့် Animator တစ်ဦးဖြစ်တဲ့ Hitomi Tateno တည်ထောင်ထားတဲ့ Studio Sasayuri က တာဝန်ယူ ထုတ်လုပ်ထားတာဖြစ်လို့၊ အိုကီနာဝါရဲ့ သဘာဝရှုခင်းတွေ၊ ရေဆေးပန်းချီစတိုင်လ် နောက်ခံတွေနဲ့ နူးညံ့တဲ့ Animation တွေဟာ Studio Ghibli ကို ပြန်ပြီး သတိရစေဦးမှာ အသေအချာပါပဲ။ နောက်ပြီး ဒါဟာ ၁၉၄၅ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါနီး အိုကီနာဝါတိုက်ပွဲ (Battle of Okinawa) ကာလထဲက ဖြစ်ရပ်မှန် သမိုင်းဝင် ဟိမဲယုရိ ကျောင်းသူသူနာပြုတပ်ဖွဲ့ ကို အခြေခံထားပါတယ်။ ဇာတ်လမ်းလေးကတော့ San နဲ့ Mayu ဆိုတဲ့ ကောင်မလေး ၂ ယောက် တပ်မတော်ရဲ့ သူနာပြုတွေအဖြစ် စစ်မြေပြင်ကို တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါပြီ။ စစ်မဖြစ်ခင်အချိန်ဆိုတော့ ကောင်မလေးတစ်သိုက် နွေရာသီစခန်းထွက်သလို ကျွန်းလေးပေါ် သာယာနေကြတာပေါ့။ အဲဒီမှာတင် စစ်မီးကြီးက ကူးစက်လာပြီး ဂူကြီးတစ်ဂူကို ဆေးရုံအဖြစ်လုပ်ပြီး ပင်ပန်းဆင်းရဲကြတာတွေ ကြုံတွေ့ရတဲ့ ဒုက္ခတွေရယ် စစ်ရှုံးလာချိန်ကျ ဘယ်လိုမျိုး အထက်က စွန့်လွှတ်လိုက်လို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီး ဒီ စစ်မြေပြင်ကြား အသက်ရှင်အောင် ကျော်ဖြတ်ကြမလဲဆိုတာကို စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို အလှတရားတွေနဲ့ ဖုံးကွယ်ပြီးမှ ရင်ဝကို အပြင်းအထန် ထိုးနှက်သွားမယ့် လက်ရာဖြစ်ပြီး၊ စစ်ပွဲဆန့်ကျင်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို မျက်ရည်တွေကြားကနေ လေးနက်စွာ ခံစားရစေမယ့် ခေတ်သစ် Anime ရုပ်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါလို့ အားပေးကြည့်ရှုကြပါဦးဗျာ...။

ဇာတ်လမ်းအကြောင်း