ဇာတ်ကားများ ရွေးရန်

The Princess

2022ဇာတ်ကားအမှတ် 6.9/1094 မိနစ်

ကိုယ့်ဆုံးဖြတ်ချက်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်တတ်တဲ့ မင်းသမီးတစ်ပါးဟာ သူနဲ့ စေ့စပ်ထားသူကို လက်မထပ်ချင်လို့ ငြင်းလိုက်ပါတယ်။ အငြင်းခံလိုက်ရတဲ့ စစ်သည်တော်ကတော့ မကျေမနပ်ဖြစ်ပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းထားလိုက်သလို နန်းတော်ကိုလည်း သိမ်းယူလိုက်တယ်။ နန်းတော်ကို သိမ်းထားနိုင်ပေမယ့် ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်ရမယ်ဆိုပြီး သူက နည်းမျိုးစုံနဲ့ ဆက်ကြိုးစားနေပါတယ်။ မင်းသမီးကလည်း ဖမ်းဆီးခံထားရတဲ့ ရဲတိုက်ထဲကနေ လွတ်မြောက်ဖို့နဲ့ မိဘတွေကို ကယ်တင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ မင်းသမီးနေရာမှာ The Conjuring နဲ့ Kissing Booth တို့က Joey King ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း