ဇာတ်ကားများ ရွေးရန်

Scenes of Friendly Ties

2026ဇာတ်ကားအမှတ် 6.5/10100 မိနစ်

Scenes Of Friendly Ties (2025) အသက် ၃၀ ကျော် အရွယ်ရောက်လာတဲ့အခါ သူငယ်ချင်းတွေ စုစည်းဖို့ ဘယ်လောက်အထိ ခက်ခဲသွားတတ်သလဲဆိုတာကို သဘာဝကျကျ မီးမောင်းထိုးပြထားလို့ လူငယ်တိုင်း ရင်ထဲ ထိစေမယ့် ရုရှားရုပ်ရှင်ကောင်းတစ်ခုပါ ဇာတ်လမ်းကတော့ ဆောင်းရာသီရဲ့ တစ်နေ့တာ နေ့နဲ့ ညအချိန်လေး အကြောင်းကနေ စတင်ထားတာပါ။ ကျောင်းသူ ကျောင်းသားဘဝတည်းက ခင်မင်လာခဲ့ကြတဲ့ အသက် ၃၀ ကျော် သူငယ်ချင်းတစ်စုမှာ... သူတို့ထဲက သူငယ်ချင်းဖြစ်သူ "ဆာရှာ" ဟာ မော်စကိုမြို့ကနေ အကြာကြီး ထွက်ခွာသွားတော့မှာဖြစ်လို့ အားလုံး စုစည်းပြီး အတူတူ ထိုင်ကာ နှုတ်ဆက်ပွဲလေး လုပ်ဖို့ အစီအစဉ် ဆွဲလိုက်ကြပါတယ်။ ဒါပေမဲ့ ရိုးရှင်းပါတယ်ဆိုတဲ့ ဒီအစီအစဉ်လေးက... ဘဝရဲ့ ပုံမှန် နေ့စဉ် ပြဿနာတွေ၊ အလုပ်အကိုင်နဲ့ ဖြေရှင်းစရာ ကိစ္စတွေကြားမှာ ဆက်တိုက်ဆိုသလို အနှောင့်အယှက် ကြုံတွေ့ရပါတော့တယ်။ နေ့အချိန်ကုန်လို့ ညဘက် ရောက်သည်အထိ အားလုံး ဆုံတွေ့နိုင်ဖို့အတွက် ရုန်းကန်ကြရင်း... သူတို့ရဲ့ ခင်မင်ရင်းနှီးမှု၊ အတိတ်က အမှတ်တရတွေနဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ စိန်ခေါ်မှုတွေကို ဟာသနှောကာ ကြည့်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း