ဇာတ်ကားများ ရွေးရန်

Happiness Remains

2026ဇာတ်ကားအမှတ် 7.3/1090 မိနစ်

Happiness Remains (2026) ဘဝကြီးပြိုလဲသွားရင်တောင် ပျော်ရွှင်မှုဆိုတာ မျက်ရည်တွေကြားမှာ ကျန်ရစ်နေဆဲပါပဲ .. ဒီပျော်ရွှင်မှုဆိုတာ အဝေးကြီးမှာလိုက်ရှာနေစရာမလိုပါဘူး... ကိုယ့်ရဲ့တွေးခေါ်ပုံနဲ့ ကိုယ့်စိတ်ထဲမှာပဲ အမြဲတမ်းရှိနေတတ်တာပါ။ ဂျပန် Family Drama ကားကောင်းလေးတွေ ကြိုက်တဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ဩဂုတ်လကုန်ပိုင်းကမှ NTV ကနေ အသစ်စက်စက် ထွက်ရှိထားတဲ့ "Happiness Remains " ဆိုတဲ့ Drama Special ကားသစ်လေးကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားတာကတော့ ကျွန်တော်တို ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောကြီး Kitagawa Keiko ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Takahashi Mitsuomi နဲ့ J-pop အိုင်ဒေါ Tanaka Juri တိုပါ အားဖြည့်ပါဝင်ထားပါတယ်။ လူတိုင်းက ဘဝမှာ ငွေကြေး၊ အောင်မြင်မှုနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကိုမှ ပျော်ရွှင်မှုလို ထင်ပြီး အပြေးအလွှား လိုက်ရှာနေတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အစစ်အမှန် ပျော်ရွှင်မှုဆိုတာ ဘာလဲ...။ မိသားစုဘဝလေးမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ နားလည်မှုလွဲတာတွေနဲ့ နေ့စဉ်ဘဝရဲ့ မွန်းကြပ်မှုတွေကြားထဲမှာ... ဇာတ်လိုက်မင်းသမီးတစ်ယောက် သူ့ရဲ့ မိသားစုကို ဘယ်လိုရှေ့ဆက်ခေါ်သွားမလဲ။ မုန်တိုင်းတွေ ဝင်မွှေသွားတဲ့အခါ သူတိုမိသားစုလေးမှာ တကယ့် "ပျော်ရွှင်မှုတွေ ကျန်ရစ်နေမလား" ဆိုတာကို နှလုံးသားထဲ စိမ့်ဝင်သွားအောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ Slice of life နဲ့ Family drama အမျိုးအစားဖြစ်လို ဂျပန်ကားတွေရဲ့ ထုံးစံအတိုင်း ခပ်အေးအေးလေးနဲ့ ဖြည်းဖြည်းချင်း လွှမ်းမိုးသွားမယ့်အပြင် ဘဝအတွက် တွေးစရာတွေ၊ ခွန်အားတွေ အများကြီး ပေးသွားမယ့် ကားမျိုးဖြစ်ပါတယ်။ အချိန် ၁ နာရီခွဲလောက်ပဲ ကြာတဲ့ Drama Special လေးဖြစ်လို ပိတ်ရက်မှာ မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုရင်း ကိုယ့်ဘေးနားက ကိုယ်မေ့လျော့နေတဲ့ "အစစ်အမှန် ပျော်ရွှင်မှု" တွေကို အတူတူ ရှာဖွေခံစားလိုက်ကြပါဦး။ File size…1.69GB / 830MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Life, Family, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း