ဇာတ်ကားများ ရွေးရန်

Vengeance: A Love Story

2017ဇာတ်ကားအမှတ် 5.6/1099 မိနစ်

"ဥပဒေက တရားမျှတမှု မပေးနိုင်တော့တဲ့အခါ လက်တုန့်ပြန်ခြင်းကပဲ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်လာခဲ့ရင်…… ဇူလိုင်လ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ညမှာ သမီးနဲ့အတူ အိမ်ပြန်လာတဲ့ "တီနာ" ဟာ မမျှော်လင့်ဘဲ ရက်စက်တဲ့ လူတစ်စုရဲ့ အုပ်စုဖွဲ့စော်ကားခြင်းကို ခံခဲ့ရပါတယ်။ သမီးဖြစ်သူ "ဘက်သီ "ကတော့ တရားခံတွေကို မျက်မြင်တွေ့ရှိခဲ့ပြီး သက်သေအဖြစ် ထွက်ဆိုပေးခဲ့တာကြောင့် တရားခံတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ​ဒါပေမဲ့ တရားခံတွေက အရမ်းတော်တဲ့ ရှေ့နေကြီးကို ငှားပြီး တရားခွင်မှာ အကွက်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တရားဥပဒေရဲ့ ဟာကွက်တွေကြားမှာ ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ လမ်းစပေါ်လာခဲ့ပါတယ်။ တရားမျှတမှု ရသင့်သလောက် မရဘဲ မတရားစွပ်စွဲခံနေရတဲ့ တီနာကို ကြည့်ပြီး ဒီအမှုကို ကိုင်တွယ်ခဲ့တဲ့ စုံထောက်ဂျွန်ဒရိုမော တစ်ယောက် သည်းမခံနိုင်တော့တဲ့အဆုံး…… ​တရားဥပဒေက အပြစ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ တရားခံတွေကို သူကိုယ်တိုင် တရားစီရင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့…… တရားမျှတမှုဆိုတာ တရားခွင်ထဲမှာပဲ ရှိတာမဟုတ်ကြောင်း သက်သေပြလိုက်တဲ့ ထိမိတဲ့ အက်ရှင် Crime Thriller ဇာတ်ကားကောင်းတစ်ကားပါပဲ

ဇာတ်လမ်းအကြောင်း