Mary Anning
Mary Anning (2025) ကမ္ဘာ့သမိုင်းမှာ ထင်ရှားလှတဲ့ ရှေးဟောင်းရုပ်ကြွင်း ပညာရှင် မေရီ အန်နင်း (Mary Anning) ရဲ့ စိတ်ဓာတ်ခွန်အားရဖွယ် ကလေးဘဝ ဇာတ်လမ်းကို အခြေခံထားလို့ မိသားစုလိုက် ကြည့်ဖို့ အထူး သင့်လျော်ပါတယ်။ ဇာတ်လမ်းကတော့ ၁၈၁၁ ခုနှစ်က အသက် ၁၂ နှစ်အရွယ် ရှိသေးတဲ့ ရုပ်ကြွင်း ရှာဖွေသူ မိန်းကလေးငယ် "မေရီ အန်နင်း" (Mary Anning) အကြောင်းကနေ စတင်ထားတာပါ။ မေရီ ဟာ မိသားစုရဲ့ စားဝတ်နေရေးကို တစ်ဖက်က ကူညီရင်း အနားယူချိန်တွေမှာ ပျောက်ဆုံးသွားခဲ့တဲ့ အဖေဖြစ်သူ ချန်ထားခဲ့တဲ့ ပုံဆွဲကားချပ် နောက်ကို လိုက်လံ စွန့်စား ရှာဖွေပါတော့တယ်။ ကျောက်ဆောင်တွေနဲ့ ပင်လယ်ကမ်းခြေတွေမှာ ရှာဖွေရင်း... မေရီဟာ ကမ္ဘာ့သမိုင်းကို ပြောင်းလဲသွားစေမယ့် ရှေးဟောင်း သက်ရှိ ရုပ်ကြွင်းတွေကို မထင်မှတ်ဘဲ စတင်တွေ့ရှိခဲ့ပါတယ်။ ကျောက်ဆောင်တွေကြားက အဖိုးတန် တွေ့ရှိမှုတွေအပြင်... မိသားစုအပေါ် ထားရှိတဲ့ ချစ်ခြင်းနဲ့ သတ္တိကိုပါ ဖော်ထုတ်ရင်းနဲ့ သူမဟာ ခေတ်သစ် ရှေးဟောင်းဇီဝဗေဒ ဆိုတဲ့ သိပ္ပံ နယ်ပယ်သစ်ကြီးကို စတင် လမ်းခင်းပေးနိုင်ခဲ့ပုံကို စိတ်ဝင်စားဖွယ် ရှုစားကြရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း