Sheep in the Box
Sheep in the Box (2026) “ ကိုယ်ချစ်ရတဲ့လူတစ်ယောက်ကို ဆုံးရှုးပြီးတဲ့နောက်မှာ သူ့ကို ပြန်ရနိုင်မယ့်အခွင့်အရေးတစ်ခု ရလာခဲ့ရင် ဘာလုပ်မလဲ ” အဆောက်အအုံဒီဇိုင်းနာနဲ့ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဇနီးမောင်နှံဟာ မတော်တဆမှုတစ်ခုကြောင့် သူတိုရဲ့ ၇ နှစ်အရွယ် သားလေးကို ဆုံးရှုးလိုက်ရပြီး ဝမ်းနည်းပူဆွေးမှုနဲ့အတူ ရုန်းကန်နေကြရပါတယ် တစ်နေ့မှာတော့ AI နည်းပညာမြင့်မားတဲ့ REbirth နည်းပညာကုမ္ပဏီတစ်ခုကနေ သူတိုဆီကို ထူးဆန်းတဲ့ အထုပ်တစ်ထုပ် ရောက်ရှိလာခဲ့ပါတယ် အဲဒါကတော့ သားဖြစ်သူရဲ့ ရုပ်ရည်၊ အသံနဲ့ အမူအရာတွေကို ပုံတူကူးယူဖန်တီးထားတဲ့ "Humanoid" လိုခေါ် တဲ့ အဆင့်မြင့်စက်ရုပ်ကလေးတစ်ရုပ်ပဲဖြစ်ပါတယ် မယုံကြည်နိုင်မှုတွေဖြစ်ခဲ့ပေမဲ့ ဆုံးရှုးလိုက်ရတဲ့ သားလေးရဲ့ပုံရိပ်ကို အမှတ်ရလွမ်းဆွတ်မိတဲ့ အမေဖြစ်သူက ဒီစက်ရုပ်ကလေးကို လက်ခံကျွေးမွေးဖို ဆုံးဖြတ်လိုက်တဲ့အခါ... စက်ရုပ်ကလေးရဲ့ အတုအယောင် မေတ္တာတွေက မိဘတွေရဲ့ အမှန်တကယ် ပူဆွေးဒဏ်ရာတွေကို ကုစားပေးနိုင်မလား သွေးသားမတော်စပ်တဲ့ နည်းပညာစက်ရုပ်တစ်ရုပ်နဲ့ မိသားစုကြားက ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုးဆောင်မလဲ စက်ရုပ်ကလေးမှာရော မိဘတွေ မသိနိုင်တဲ့ တခြားအတွေးနဲ့ ခံစားချက်တွေ ရှိလာနိုင်မလား... ဒီဇာတ်ကားကို ကြည့်ပြီးရင်တော့ “ငါသာ အဲ့ဒီနေရာမှာဆိုရင်…” ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြန်တွေးနေမိမှာ အသေအချာပါပဲ
ဇာတ်လမ်းအကြောင်း