Arbitrage
အောင်မြင်ပြီး အလွန်ချမ်းသာတဲ့ စီးပွားရေးသမား Robert ဟာ အပြင်ကကြည့်ရင် အိမ်ထောင်ရှင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်လိုပါပဲ။ တကယ်တော့ ဇနီးကို ချစ်ဟန်ဆောင်နေပြီး နောက်ကွယ်မှာ မိန်းကလေးတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် တွဲနေသူပါ။ ဒါ့အပြင် မိသားစုကို ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ရှိနေသေးတယ်။ အဲဒီလျှို့ဝှက်ချက် မပေါက်ကြားခင် ကုမ္ပဏီကို ရောင်းပစ်ဖို့ Robert ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာပဲ ချစ်သူမိန်းကလေးနဲ့ ကားပတ်စီးရင်း မတော်တဆမှုဖြစ်ပြီး မိန်းကလေး သေဆုံးသွားတယ်။ ပြဿနာတွေ တစ်ခုပြီးတစ်ခု ဆုံလာတဲ့အခါ Robert ဘယ်လိုဖြေရှင်းဖို့ ကြိုးစားမလဲဆိုတာကို ဆက်ပြထားပါတယ်။ Pretty Woman ထဲက မင်းသား Richard Gere ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း