Emergency Interrogation Room: The Final
Emergency Interrogation Room ဆိုတဲ့ ဒီဇာတ်ကားလေးက အရှေ့မှာ စီးရီးတွေထွက်ထားပြီး အခုမှ ရုံတင် ရုပ်ရှင်ကားအဖြစ် ထွက်လာတာပဲဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့ စီးရီးမကြည့်ပဲ ကြည့်ရတာအဆင်ပြေပါ့မလားဆိုပြီး စိတ်ပူမနေပါနဲ့၊ ဒီရုပ်ရှင်ဟာ Stand alone ဇာတ်လမ်းတစ်ခုဖြစ်တာကြောင့် လုံးဝအဆင်ပြေပါတယ်။ အဓိကကတော့ မင်းသမီးတို့အဖွဲ့က အရေးပေါ် စစ်ဆေးမေးမြန်းရေးအဖွဲ့အကြောင်းပါ၊ တော်ရုံတန်ရုံ စစ်ဆေးမေးမြန်းလို့မရတာတွေဆို သူတို့အဖွဲ့က ဝင်ကိုင်တွယ်ပြီး ခြောက်တစ်လှည့် ချော့တစ်လှည့်နဲ့ အဖွဲ့သားတွေကြား အပေးအယူ အချိတ်အဆက်မိမိ စစ်ဆေးဖော်ထုတ်ကြတာမျိုးပါ။ ကဲ ဒီဇာတ်ကားမှာတော့ ဂျပန်နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်းတွေဝင်နေလို့ ပြည်သူတွေ ဒုက္ခရောက်ပြီး အစိုးရဌာနပေါင်းစုံလည်း ခေါင်းစားပြီး ကယ်ဆယ်ရေးပလန်တွေ လုပ်နေရတဲ့ကာလပေါ့။ အဲဒီမှာ အရေးပေါ်အစည်းအဝေးလုပ်တဲ့အချိန် နိုင်ငံက အာဏာအရှိဆုံး ဝန်ကြီးချုပ်ဟာ ၁၀ မိနစ်တိတိ နောက်ကျပြီးမှ တက်ရောက်လာပါတယ်။ အဲဒါကို လူတွေက မေးခွန်းထုတ်ကြပေမဲ့လည်း ဝန်ကြီးချုပ်ကတော့ ဖြေရှင်းခြင်းမရှိပဲ လုပ်စရာရှိတာတွေကိုသာ ဆက်ပြီး ဆောင်ရွက်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးရုံတစ်ခုကို လူတွေ့ကွင်းဆင်းပြီး ကြည့်ရှုနေတဲ့အချိန် လူတစ်ယောက်က ဘာလို့ ၁၀ မိနစ်နောက်ကျရတာလဲဆိုပြီး ဓားကိုင်ပြီး ဝင်ရောက်တိုက်ခိုက်တဲ့အခါ ဖမ်းဆီးခံလိုက်ရပါတော့တယ်။ ရဲတွေက အကြောင်းရင်းကို စစ်ဆေးမေးမြန်းတဲ့အခါ ဘယ်လိုမှ မသိရတော့ မင်းသမီးတို့ အရေးပေါ်အဖွဲ့ ဝင်ပါဖို့ ဖြစ်လာပြီး ဒီအမှုဟာ ထင်သလောက် ရိုးရှင်းမနေပဲ နောက်ကွယ်မှာ တုန်လှုပ်ခြောက်ခြားဖွယ်ရာဖြစ်ရပ်ကြီး ရှိနေတာကြောင့် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို Chain of command တွေနဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ ဂျပန်တွေ ဒီလို Chain of command ပိုင်နိုင်တဲ့အကြောင်း ရိုက်ပြခဲ့တာကို ၂၀၂၆ ထွက် Shin Godzilla မှာလည်း မြင်ခဲ့ရမှာပါ။
ဇာတ်လမ်းအကြောင်း