ဇာတ်ကားများ ရွေးရန်

Us in the End

2026ဇာတ်ကားအမှတ် 8.5/10103 မိနစ်

Us in the End (2026) ​အချစ်ဆိုတာ လက်တွဲထားရုံနဲ့တင် လုံလောက်ရဲ့လား... ဒါမှမဟုတ် နှစ်ယောက်စလုံးရဲ့ အနာဂတ်အတွက် လမ်းခွဲပေးလိုက်တာကပဲ ပိုကောင်းမွန်တဲ့ ချစ်ခြင်းတရားလား... ​ "စစ္စကို" နဲ့ "ချက်စတာ" တိုဟာ အချိန်အကြာကြီးတစ်ယောက်ကိုတစ်ယောက် အနီးကပ်တွဲလက်မဖြုတ်ဘဲ ချစ်လာခဲ့ကြတဲ့ ချစ်သူစုံတွဲတစ်တွဲဖြစ်ပါတယ် ဒါပေမဲ့ အချိန်တွေ​ကြာလာတာနဲ့အမျှ သူတိုရဲ့ ကိုယ်စီ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေနဲ့ အလုပ်အကိုင်လမ်းကြောင်းတွေဟာ အပြိုင်အဆိုင်တွေ ဖြစ်လာပြီး နှစ်ယောက်ကြားက ဆက်ဆံရေးမှာ စိမ်းကားမှုတွေ၊ အဆင်မပြေမှုတွေနဲ့ ပဋိပက္ခတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ် ​ဆက်ဆံရေး တင်းမာလာချိန်မှာ သူတိုနှစ်ယောက်ဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချဖိုအတွက် နောက်ဆုံးအကြိမ် "Break-up Trip" လိုခေါ်တဲ့ ခရီးတစ်ခုကို အတူတူထွက်ခွာဖို ဖန်တီးလိုက်ကြပါတယ် ဒီခရီးစဉ်ဟာ သူတိုနှစ်ယောက်ရဲ့ ချစ်ခြင်းတရားကို ပြန်လည်ကုစားပြီး ဆက်လက်တိုက်ပွဲဝင်မလား ဒါမှမဟုတ် တစ်ယောက်ကိုတစ်ယောက် လွှတ်ပေးလိုက်တော့မလား ဆိုတာကို ခရီးဆုံးမှာ ဆုံးဖြတ်ကြရတော့မှာ ဖြစ်ပါတယ် ​အချစ်၊ အနာဂတ်နဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြားမှာ "စစ္စကို" နဲ့ "ချက်စတာ" တိုရဲ့ ခရီးစဉ် ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ခံစားကြည့်လိုက်ပါဦး

ဇာတ်လမ်းအကြောင်း