ဇာတ်ကားများ ရွေးရန်

The Hunted

2026ဇာတ်ကားအမှတ် 5.0/1067 မိနစ်

The Hunted (2026) ၂၀၂၆ ထွက် The Hunted ဆိုတဲ့ Horror/Thriller ရုပ်ရှင်လေးဟာ ဇာတ်လမ်းတို ၃ ပုဒ်ကို သီးခြားစီ စုစည်းရိုက်ကူးထားတဲ့ Anthology ပုံစံ ရုပ်ရှင်ဖြစ်ပါတယ်။ တစ်ပိုင်းစီမှာ မတူညီတဲ့အမဲလိုက်ခံရမှု၊ အသက်လုပြေးလွှားရမှုတွေကို သည်းထိတ်ရင်ဖို ရိုက်ပြထားတာပါ။ ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့ရင်ဖိုစရာဇာတ်အိမ် ၃ ခု ပါဝင်ပါတယ်။ ပထမတစ်ခုက ခေါင်းထိခိုက်ဒဏ်ရာရထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့ခွေးလေးနဲ့အတူ တောအုပ်ကြီးထဲမှာ မသင်္ကာဖွယ်နောက်ယောင်ခံလိုက်သူဆီကနေ အသက်လုပြေးလွှားရတာပါ။ ဒုတိယတစ်ခုက အမျိုးသမီးတွေကို ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာနှိပ်စက်တတ်တဲ့ အနိုင်ကျင့်သူအမျိုးသားတစ်ယောက်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ Serial Killer တစ်ယောက်အကြောင်းပါ။ နောက်ဆုံးတစ်ခုကတော့ ဘဏ်ဓားပြတိုက်ပြီး မတန်တဆတန်ဖိုးရှိတဲ့ပစ္စည်းတွေ ရရှိသွားကြပေမယ့် လောဘကြောင့် အဖွဲ့ဝင်အချင်းချင်း ပြန်လည်သတ်ဖြတ်ကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်ကားကြာချိန် ၁ နာရီကျော်ကျော်ပဲရှိတာကြောင့် အချိန်အများကြီး မပေးရဘဲ သည်းထိတ်ရင်ဖိုပုံစံမျိုး သဘောကျသူတွေအတွက် ကြည့်ရတာတန်မယ့်ကားလေးတစ်ကားပါ။ File Size - 829 MB/ 383 MB Quality - AMZN WEB-DL 1080p/ 720p Duration - 1h 9m Format - mp4 Genre - Thriller Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း