ဇာတ်ကားများ ရွေးရန်

Initial D

2005ဇာတ်ကားအမှတ် 6.8/10108 မိနစ်

Takumi Fujiwara ဟာ ကျောင်းတက်ရင်း အလုပ်နှစ်မျိုး လုပ်နေတဲ့ အထက်တန်းကျောင်းသားလေးပါ။ အခင်ဆုံးသူငယ်ချင်း Itsuki ရဲ့အဖေပိုင် ဓာတ်ဆီဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်သလို သူ့အဖေ Bunta Fujiwara လုပ်တဲ့ တို့ဟူးတွေကိုလည်း Akina တောင်ပေါ်က အပန်းဖြေစခန်းတွေဆီ ပို့ပေးရတယ်။ တို့ဟူးသွားပို့တိုင်း မောင်းရတဲ့ကားက အဖေ့ရဲ့ Toyota AE86 လေးပါ။ ကျောင်းမှာတော့ သူချစ်ရတဲ့ အတန်းဖော် Natsumi နဲ့ အချစ်ရေးလည်း ရှိနေပါတယ်။ တစ်ဖက်မှာ နာမည်ကြီးပြိုင်ကားသမား ဖြစ်ချင်ကြသူတွေက တစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်ပြီး နေရာအနှံ့ ယှဉ်ပြိုင်နေကြတယ်။ အဲဒီလိုနဲ့ ပရော်ဖက်ရှင်နယ်ပြိုင်ကားသမား Ryosuke နဲ့ NightKids Racing Team က Takeshi တို့ဟာ Akina တောင်ခြေက Takumi တို့မြို့ကို ရောက်လာကြပါတယ်။ Takumi ရဲ့ငယ်သူငယ်ချင်း Itsuki ကတော့ ကိုယ့်ကိုယ်ကိုယ် Akina တောင်ရဲ့ ကားပြိုင်ဘုရင်လို့ ကြွေးကြော်နေသူပါ။ Takeshi က လာစိန်ခေါ်တော့ Itsuki တစ်ယောက် ရှုံးသွားတယ်။ ဒါပေမဲ့ Itsuki ကို အနိုင်ယူခဲ့တဲ့ Takeshi ရဲ့ GTR ဟာ Takumi အဖေပိုင် AE86 လေးကို ပြန်ရှုံးသွားပါတယ်။ ဒီသတင်း ပျံ့သွားတဲ့နောက် AE86 နဲ့ ယှဉ်ပြိုင်ချင်တဲ့ တခြားပရော်ဖက်ရှင်နယ်ပြိုင်ကားသမားတွေပါ မြို့ဆီ ရောက်လာကြတော့တယ်။ Initial D အန်နီမေးစီးရီးကို ရုပ်ရှင်အဖြစ် ပြန်ဖန်တီးထားတဲ့ ၂၀၀၅ ခုနှစ်ထွက် ကားဖြစ်ပြီး ထိုင်ဝမ်အဆိုတော်သရုပ်ဆောင် Jay Chou နဲ့အတူ Anthony Wong၊ Edison Chen တို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း