ဇာတ်ကားများ ရွေးရန်

God Will Not Help

2025ဇာတ်ကားအမှတ် 8.0/10137 မိနစ်

God Will Not Help (2025) ခရိုအေးရှား ဒါရိုက်တာ Hana Jušić က ရိုက်ကူးထားပြီး တောင်ပေါ် ဒေသရဲ့ အေးစက်စက် တိတ်ဆိတ်မှုတွေ၊ လူ့သဘာဝရဲ့ အမုန်း၊ အယုံအကြည်မဲ့မှုနဲ့ သံသယတွေကို အနုစိတ် ပုံဖော်ထားတာပါ။ ဇာတ်လမ်းကတော့ လူသူအရောက်အပေါက် နည်းပါးပြီး ခက်ထန် ကြမ်းတမ်းလှတဲ့ ခရိုအေးရှား တောင်ပေါ် သိုးထိန်း ရွာငယ်လေးဆီကို တောင်အမေရိက ချီလီနိုင်ငံမှ "ထရီဆာ" (Teresa) ဆိုတဲ့ အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ရာကနေ စတင်ထားတာပါ။ သူမဟာ ဒီရွာကနေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တိုင်းပြည်ခြားဆီ ထွက်ခွာသွားခဲ့ကြတဲ့ ရွာသားတွေရဲ့ ညီအစ်ကိုဖြစ်သူနဲ့ အိမ်ထောင်ကျခဲ့ပြီး... ခုတော့ သူ့ရဲ့ မုဆိုးမ ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ တံခါးပိတ် နေထိုင်တတ်ပြီး သံသယကြီးလှတဲ့ တောင်ပေါ် သိုးထိန်း လူ့အသိုင်းအဝိုင်းဟာ ဒီအပြင်လူ အမျိုးသမီးကို လွယ်လွယ်နဲ့ မယုံကြည်ခဲ့ကြပါဘူး။ မတူညီတဲ့ ယဉ်ကျေးမှု နောက်ခံ၊ သံသယ မေးခွန်းတွေနဲ့အတူ မဖော်ထုတ်ရသေးတဲ့ လျှို့ဝှက်ချက်တွေကြားမှာ... ထရီဆာ တစ်ယောက် ဒီကြမ်းတမ်းတဲ့ လူ့အသိုင်းအဝိုင်းထဲ ဘယ်လိုမျိုး အသက်ဆက်ရှင်သန်နိုင်ဖို့ ရုန်းကန်သွားမလဲဆိုတာကို စိတ္တဇဆန်ဆန် ရှုစားကြရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း