ဇာတ်ကားများ ရွေးရန်

The Net

2016ဇာတ်ကားအမှတ် 7.4/10114 မိနစ်

မြောက်ကိုရီးယားက တံငါသည်တစ်ယောက် ငါးဖမ်းထွက်ရင်း ပိုက်ကွန်ငြိပြီး လှေမော်တာပျက်သွားရာက တောင်ကိုရီးယားဘက်ကို မျောပါလာခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးက သူလျှိုဟုတ်မဟုတ် စစ်ဆေးဖို့ ခေါ်သွားတယ်။ တံငါသည်ကတော့ ကိုယ့်နိုင်ငံက သစ္စာဖောက်လို့ သတ်မှတ်မှာကို ကြောက်လို့ တောင်ကိုရီးယားက မြင်ကွင်းတွေကိုတောင် မကြည့်ရဲဘဲ မျက်စိမှိတ်ပြီး လိုက်သွားခဲ့ပါတယ်။ စစ်ကြောရေးမှာ သူတွေ့ရတာက မြောက်ကိုရီးယားသားတွေကို အလွန်မုန်းတဲ့ အရာရှိတစ်ယောက်ပါ။ အဲဒီအရာရှိရဲ့ ပြင်းပြင်းထန်ထန် စစ်မေးမှုတွေကို ခံရပြီး သူလျှိုမဟုတ်ကြောင်း သိသွားတဲ့အခါမှာလည်း အိမ်ပြန်ဖို့က မလွယ်သေးဘူး။ တောင်ကိုရီးယားဘက်က သူ့ကို မြောက်ကိုရီးယားရဲ့ အာဏာရှင်စနစ်အောက် ပြန်မသွားစေချင်လို့ သူတို့ဆီမှာပဲ အခြေချနေထိုင်ဖို့ နည်းမျိုးစုံနဲ့ စည်းရုံးလာကြပါတယ်။ ဒါရိုက်တာ ကင်ကီဒွပ်က ဒီတံငါသည်ရဲ့ အဖြစ်ကို စစ်ကြောရေးခန်းတွေမှာ အဓိကအခြေတည်ပြီး ရိုက်ကူးထားပါတယ်။ တောင်နဲ့မြောက်ကြားက ချစ်ခြင်း၊ အငြိုးတွေနဲ့ အယူဝါဒနှစ်ခုရဲ့ အားပြိုင်မှုတွေကို ပြထားပေမယ့် သူ့ရဲ့ အခြားရုပ်ရှင်တွေလို အကြမ်းပတမ်းခန်းတွေ အများကြီး မသုံးထားပါဘူး။ လူ့ဘောင်အစွန်အဖျားက ဘဝတွေကို ရိုက်ပြလေ့ရှိတဲ့ သူ့ဟန်အတိုင်း ဒီတစ်ခါမှာလည်း တံငါသည်တစ်ယောက် ကြုံရတဲ့အဖြစ်ကနေ ကြည့်သူကို မေးခွန်းတွေ ပြန်ထုတ်စေပါတယ်။

ဇာတ်လမ်းအကြောင်း