King of Thieves
King of Thieves (2018) ဒီဇာတ်ကားလေးမှာတော့ အားလုံးရင်းနှီးတဲ့ ဝါရင့်သရုပ်ဆောင်တွေ ပါဝင်ထားပြီးတော့ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမဲ့ သက်ကြီးရွယ်အို ရာဇဝတ်သား အဖိုးကြီးတစ်အုပ် ခိုးမှု ကျူးလွန်ကြတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘရိုင်ယန်၊ ကန်နီ၊ ဒန်နီနဲ့ တယ်ရီဆိုတဲ့ အသက် (၈၀) နားကပ်နေပြီဖြစ်တဲ့ ရာဇဝတ်သားဟောင်း အဖိုးကြီးတွေဟာ တစ်ချိန်တစ်ခါက လန်ဒန်မြို့မှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဝါရင့်သူခိုးတစ်အုပ်ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့က ရာဇဝတ်အလုပ်ကနေ အနားယူပြီး ဘဝရဲ့ နောက်ဆုံးလက်ကျန်အချိန်လေးကို ရည်ရွယ်ချက်မဲ့စွာ ဖြတ်သန်းနေရင်းကနေ တစ်နေ့မှာတော့ ဘာဆယ်လ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ သူတို့ရဲ့ ငြီးငွေ့စရာဘဝထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဘာဆယ်လ်က ဟတ်တန်ဂါးဒင်းဆိုတဲ့ အဖိုးတန်ပစ္စည်းတွေ အပ်နှံတဲ့ အလုံတိုက်ဘဏ်တစ်ခုကို ဖောက်ထွင်းဖို့ သူ့တစ်ယောက်တည်းနဲ့ မဖြစ်နိုင်တဲ့အတွက် သေခါနီး အဖိုးကြီးတွေကို လာရောက်မဲဆွယ်ပါတော့တယ်။ ဒီတော့ ငယ်ရွယ်ပြီး ဝါနုသေးတဲ့ ဘာဆယ်လ်ဆိုတဲ့ကောင်လေးနဲ့ ဝါရင့်သူခိုးတွေဖြစ်တဲ့ ဘိုးတော်တစ်အုပ်တို့ ဒီအလုံတိုက်ဘဏ်ကို ဖောက်ထွင်းဖို့ ကြိုးစားရာကနေ ဘယ်လိုတွေ ဇာတ်ရှုပ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း