ဇာတ်ကားများ ရွေးရန်

Sarpanch

2026ဇာတ်ကား145 မိနစ်

Sarpanch (2026) ရွာလူကြီး ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ပန်ဂျာဘီ Action Drama ကားသစ်ကြီး Sarpanch ပဲ ဖြစ်ပါတယ်။ ပန်ဂျာဘီ ကျေးလက်ဒေသမှာ ဖာတေး က ကိုယ့်ရွာ၊ ကိုယ့်အိမ်နဲ့ ရွာသူရွာသား တွေရဲ့ အကျိုးကို အမြဲတမ်း ရှေ့တန်းတင်လေ့ရှိတဲ့ စည်းကမ်းကြီးပြီး မတရားတာမခံတဲ့ လူဖြောင့်ကြီးတစ်ယောက်ပေါ့။ သူတို့ရွာမှာ အရက်ပြဿနာတွေ၊ မူးယစ်ဆေးဝါးနဲ့ တခြား ဒေသတွင်း ဖိနှိပ်မှုတွေ သောင်းကျန်း လာတဲ့အခါ ရွာကို ကယ်တင်ဖို့အတွက် ဖာတေး တစ်ယောက် ရွာလူကြီး ရာထူးအတွက် ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ရွာမှာ အာဏာစက်ပြနေတဲ့ ဒေသခံ အဖျက်သမားတွေ၊ မသမာသူတွေက သူ့ကို အလွယ်တကူ ခေါင်းဆောင် မဖြစ်စေချင်ကြပါဘူး။ ဖာတေး တစ်ယောက် ရွာရဲ့ အပြောင်းအလဲအတွက် ဩဇာကြီးသူ တွေရဲ့ ခြိမ်းခြောက်မှုကို ဘယ်လို ရင်ဆိုင်သွားမလဲဆိုတာ.....။မင်းသား Dev Kharoud ရဲ့ ထုံးစံအတိုင်း အက်ရှင်အခန်းတွေက ခပ်ကြမ်းကြမ်းနဲ့ကြည့်ရမှာဖြစ်ပြီး ရွာလူကြီး ရာထူးလုပွဲနောက်ကွယ်က နိုင်ငံရေး၊ မူးယစ်ဆေးပြဿနာနဲ့ မိသားစုဒရာမာတွေကို သေချာ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ပန်ဂျာဘီ အက်ရှင်ကား ကြိုက်သူတွေနဲ့ ရွာဇာတ်လမ်း အငွေ့အသက်ကို သဘောကျသူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ File size… 2.4 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 25m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း