ဇာတ်ကားများ ရွေးရန်

Tokyo Taxi

2025ဇာတ်ကားအမှတ် 7.3/10103 မိနစ်

Tokyo Taxi (2025) ဒီရုပ်ရှင်ကားဟာ ၂၀၂၂ ခုနှစ်ထွက် ပြင်သစ်-ဘယ်ဂျီယံ ရုပ်ရှင်ကား Driving Madeleine ကို ပြန်လည်ရိုက်ကူးထားတာာဖြစ်ပြီး IMDb rating 7.2/10 ရရှိထားတဲ့ ခံစားမှုအနုပညာရသမြောက်လွန်းလှတဲ့ ဒရာမာရုပ်ရှင်ဖြစ်တဲ့အပြင် ဂျပန်မှာ ဂုဏ်သိက္ခာအမြင့်မားဆုံး Hochi Film Awards ကိုပါ ရရှိထားပါတယ်။ ဒါရိုက်တာက Yōji Yamada ဖြစ်ပြီး မင်းသမီးကြီး Chieko Baishō နဲ့ မင်းသား Takuya Kimura၊ Lee Jun-young တို့ ပါဝင်ထားကြပါတယ်။ စီးပွားရေးနဲ့ မိသားစုအခက်အခဲတွေကြောင့် စိတ်ဓာတ်ကျပြီး မျက်နှာမှာ အပြုံးမဝေတော့တဲ့အထိ မောပန်းနေတဲ့ တိုကျိုမြို့မှ တက္ကစီကားဆရာ ကိုဂျီ (Takuya Kimura)ဟာ သူ့သူငယ်ချင်းကိုယ်စား အသက် ၈၅ နှစ်အရွယ် အဘွားအို ဆုမီရဲ (Chieko Baisho)ကို ဟာယာမက ဘိုးဘွားရိပ်သာဆီ ပို့ဆောင်ပေးဖို့ ဖြစ်လာပါတယ်။ ဆုမီရဲရဲ့ တောင်းဆိုချက်ကြောင့် ဟာယာမကို မသွားခင် တိုကျိုမြို့အတွင်း သူ့ရဲ့အတိတ်က အမှတ်တရတွေ ရှိခဲ့ဖူးတဲ့ နေရာတွေကို လှည့်ပတ်မောင်းနှင်ပေးခဲ့ပါတယ်။ နေရာစုံကို တက္ကစီကားနဲ့ လိုက်မောင်းပို့ပေးရင်း ဆုမီရဲရဲ့ စစ်အတွင်း ငယ်ဘဝ၊ အချစ်၊ ဆုံးရှုံးခဲ့တာတွေနဲ့ ကြမ်းတမ်းဘဝအခြေအနေပေါ် ရုန်းကန်ခဲ့ရပုံများက တက္ကစီကားဆရာ ကိုဂျီရဲ့ ဘဝနဲ့ပတ်သက်တဲ့ အတွေးအမြင်တွေကို ဘယ်လို ပြောင်းလဲသွားစေမလဲဆိုတာ... File size…1.63GB / 773MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 43 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း