ဇာတ်ကားများ ရွေးရန်

BURN

2026ဇာတ်ကားအမှတ် 6.8/10103 မိနစ်

BURN (2026) "ထွက်ပြေးလာတဲ့ ခြေလှမ်းတိုင်းက လွတ်မြောက်ခြင်းမဟုတ်ဘူး... ပိုနက်တဲ့ ငရဲဆီ သွားတဲ့လမ်းလည်း ဖြစ်နိုင်တယ်" Neon မီးရောင်တွေအောက်က ဂျပန်လူငယ်တွေရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ပြထားတဲ့ ၂၀၂၆ ထွက် Japanese ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ .. ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး Nana Mori နဲ့ Aoi Yamada တို့က အဓိက ပါဝင် အားဖြည့်ထားပြီး၊ "We Are Little Zombies" ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Makoto Nagahisa ရဲ့ Masterpiece တစ်ခုလည်း ဖြစ်ပါတယ် .. ဇာတ်လမ်းကတော့ ဂျူရီဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကနေ စတင်ပါတယ် .. အိမ်မှာ ဘာသာရေးအစွန်းရောက်နေတဲ့ မိဘတွေရဲ့ အနိုင်ကျင့်မှု၊ ရိုက်နှက်မှုတွေကို မခံစားနိုင်တော့တဲ့အဆုံး ဂျူရီတစ်ယောက် အိမ်ကနေ ထွက်ပြေးပြီး ရှင်ဂျူကူက ခါဘူခီချိုရပ်ကွက်ကို ရောက်လာပါတော့တယ် .. အဲဒီမှာ သူ့လိုပဲ အိမ်ပြေးဆယ်ကျော်သက်တွေ စုဝေးနေတဲ့ "Toyoko Kids" တွေနဲ့ ဆုံတွေ့ပြီး၊ သူတို့ကြားမှာ ဂျူဂျူ ဆိုတဲ့ နာမည်နဲ့ ဘဝသစ်စဖို့ ကြိုးစားပါတယ်။ အစပိုင်းမှာတော့ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် နွေးထွေးတဲ့ မိသားစုတစ်ခု၊ နားခိုရာတစ်ခုကို ရလိုက်ပြီလို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ လောကကြီးမှာ အလကားရတာ ဘာမှမရှိဘူးဆိုသလိုပဲ၊ အိမ်မှာကျန်ခဲ့တဲ့ ညီမလေးကို ကယ်ထုတ်ဖို့ ငွေ ယန်း ၁၀ သန်း ရှာဖို့ ကြိုးစားရင်းနဲ့၊ ဂျူဂျူတစ်ယောက် ခါဘူခီချိုရဲ့ ရက်စက်တဲ့ ညဘဝ၊ မူးယစ်ဆေးနဲ့ ခန္ဓာကိုယ်ကို အရင်းတည်ရတဲ့ အမှောင်လောကထဲကို ခြေစုံပစ် ဝင်မိသွားတဲ့အခါ... သူ့ကို ကူညီပေးတဲ့ မစ်ဆူဘာနဲ့အတူ ဒီကြမ်းတမ်းတဲ့ လောကကြီးထဲမှာ ဘယ်လို ရှင်သန်မလဲ .. သူယုံကြည်ခဲ့တဲ့ "ခိုလှုံရာ" ဟာ တကယ်ပဲ လုံခြုံရဲ့လား... ဒါမှမဟုတ် သူ့ကို ဝါးမျိုမဲ့ ငရဲခန်းလားဆိုတာ... ဒီဇာတ်ကားလေးက ရိုးရိုး Drama ကားမျိုးမဟုတ်ဘဲ၊ ဂျပန်လူ့အဖွဲ့အစည်းရဲ့ အဖြစ်မှန်တွေကို Surreal ဖြစ်တဲ့ ရိုက်ချက်တွေ၊ Pop Aesthetic ကာလာတွေနဲ့ ဆွဲဆောင်မှုရှိရှိ ရိုက်ပြထားတာပါ။ Neon မီးရောင်တွေအောက်မှာ ပျောက်ဆုံးနေတဲ့ လူငယ်တွေရဲ့ ဘဝကို ရင်နင့်ဖွယ် ရှုစားရမှာဖြစ်ပြီး Sion Sono တို့၊ Tetsuya Nakashima တို့လို ဆရာကြီးတွေရဲ့ ကားတွေ ကြိုက်တဲ့သူတွေဆိုရင် ဒီကားရဲ့ Vibe ကို လုံးဝ သဘောကျမှာ အသေအချာပါပဲ ။ File size…1.65GB / 730MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 44m Genre ….. Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း