ဇာတ်ကားများ ရွေးရန်

Irkalla: Gilgamesh's Dream

2026ဇာတ်ကားအမှတ် 6.5/10109 မိနစ်

Irkalla: Gilgamesh's Dream (2025) "စ-စ်ဒဏ်သင့် ဘဂ္ဂဒက်မြို့တော်နှင့် မြေအောက် ကမ္ဘာဆီမှ မိဘများကို ရှာဖွေခြင်း" ဇာတ်လမ်းကတော့ စ-စ်ပွဲတွေကြောင့် ပျက်စီးယိုယွင်းနေတဲ့ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မှာ စတင်ထားတာပါ။ အသက် ၉ နှစ်အရွယ် ဆီးချိုရောဂါ ခံစားနေရတဲ့ ကလေးငယ်လေးမှာ စ-စ်ပွဲကြောင့် မိဘနှစ်ပါးစလုံး ဆုံးရှုံးခဲ့ရတဲ့ နာကျင်စရာ အတိတ်တစ်ခု ရှိနေခဲ့ပါတယ်။ မိဘတွေကို သတိရနေတဲ့ ဒီကလေးငယ်လေးဟာ... တိုက်ဂရစ် (Tigris) မြစ်ဝှမ်းအောက်မှာ ရှေးဟောင်း မက်ဆိုပိုတေးမီးယား ဒဏ္ဍာရီလာ "အာကာလာ" (Irkalla) ဆိုတဲ့ သေလွန်သူတွေ နေထိုင်ရာ မြေအောက်ကမ္ဘာ တံခါးပေါက် ရှိတယ်လို့ ယုံကြည်ပြီး မိဘတွေကို ရှာဖို့ ထွက်ခွာခဲ့ပါတော့တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ ကလေးငယ်ကလည်း လက်နက်ကိုင် စ-စ်သွေးကြွ အဖွဲ့တွေရဲ့ အဓမ္မ တ-ပ်သား စုဆောင်းခြင်း ခံရတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အခါ... စ-စ်ပွဲရဲ့ အမှောင်ထုနဲ့ ကြောက်မက်ဖွယ် လက်တွေ့ဘဝကြားထဲမှာ ကလေးငယ်တွေရဲ့ ဖြူစင်တဲ့ မျှော်လင့်ချက်နဲ့ သတ္တိတွေကို ရင်နင့်ဖွယ်ကြည့်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း