The Eight Kings: Dragon Heist
မင်ကော်ခေတ် စစ်ပွဲတွေဖြစ်ပွားနေပြီး စစ်ဗိုလ်ချုပ်တွေ အာဏာလုနေကြတဲ့ ကမောက်ကမကာလမှာ ချန်းမိန်ဂိုဏ်းရဲ့ အဓိကခေါင်းဆောင်ချန်ယန်ဟာ သူ့ရဲ့ချစ်သူ မာကျန်းကျန်းရဲ့ သေတမ်းစာနဲ့ သူမသေဆုံးသွားတဲ့ သတင်းဆိုးကို လက်ခံရရှိခဲ့ပါတယ်။ အဲဒါတင်မက ဘုရင်ကြီးချန်လုံရဲ့ လက်ရာမွန်ဖြစ်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ "ရွှမ်လုံရတနာဓား" ဟာလည်း ရက်စက်လှတဲ့ စစ်ဘုရင်ကျန်း ရဲ့ လက်ထဲကို ရောက်ရှိသွားကြောင်း သိလိုက်ရပါတယ်။ စစ်ဘုရင်ဆီကနေ အင်အားသုံးပြီး ဓားကို အတင်းအဓမ္မလုယူဖို့ မဖြစ်နိုင်တာကြောင့် ချန်ယန် ဟာ လမ်းခွဲနေထိုင်ကြတဲ့ "ချန်းမိန်ဂိုဏ်း သူရဲကောင်း ၈ ဦး" ကို ပြန်လည်စုစည်းခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ စစ်ဘုရင်ကျန်း ဆီကနေ ရတနာဓားကို ပြန်လည်ရယူဖို့အတွက် သရဲပြဇာတ်၊ သွေးလက်ဝါးရာ၊ ဘုရားဆင်းတုတော်မှ သွေးမျက်ရည်ကျခြင်းစတဲ့ ဆန်းကြယ်လှည့်ပတ်တဲ့ ဥပါယ်တံမျဉ်းတွေ၊ လှည့်ကွက်ပေါင်းများစွာကို သုံးပြီး စစ်ဘုရင်ကြီးကိုယ်တိုင် ဓားကိုလက်ရောက်အပ်လာအောင် ထောင်ချောက်ဆင်ခဲ့ကြပါတယ်။ ရတနာဓားကို အောင်မြင်စွာ ရယူနိုင်ခဲ့ပေမဲ့လည်း ချန်ယန်ဟာ သူ့ချစ်သူရဲ့ သေဆုံးမှုနောက်ကွယ်မှာ ပိုမိုနက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသေးတာကို ရိပ်မိသွားပါတယ်။ သူတို့ရဲ့ ဆရာမာချွမ်း၊ လူဆိုးဂိုဏ်းခေါင်းဆောင် သခင်ချင်ဝူနဲ့ ရှီးလင်းစာသင်ကျောင်းရဲ့ မြေကွက်ပိုင်ဆိုင်မှု စာချုပ်တွေနောက်ကွယ်မှာ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုကြီး ရှိနေတာကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက်... သူတို့အဖွဲ့ဟာ တိုင်းပြည်ရဲ့ ရတနာနဲ့ မြေကွက်စာချုပ်တွေကို ပြန်လည်သိမ်းပိုက်ဖို့အတွက် ရှေးဟောင်းဂူသင်္ချိုင်းထဲမှာ ပိုမိုအန္တရာယ်ကြီးမားတဲ့ ထောင်ချောက်ဆင်ကွက်တစ်ခုကို ထပ်မံဖန်တီးကြပါတော့တယ်။ သူတို့ရဲ့ ချန်းမိန်ဂိုဏ်းအကွက်ချပညာတွေကို အသုံးချပြီး အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြသလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.01 GB / 571 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama, Mystery, and Fantasy Runtime : 1h 2 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း