ဇာတ်ကားများ ရွေးရန်

Hushar Pittalu

2026ဇာတ်ကား

Hushar Pittalu (2026) ဆယ်ကျော်သက် ဒီကားလေးကတော့ လူငယ်တွေကြည့်ပြီး သင်ခန်းစာယူစရာ တေလူဂူ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ လူငယ်တွေရဲ့ အချစ်၊ စည်းကျော်ချင်ကြတဲ့ စူးစမ်းလိုစိတ်နဲ့ မိဘတွေရဲ့ အခန်းကဏ္ဍကို ရောပြွန်းပြီး ရိုက်ကူးထားတဲ့ Drama / Romance ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းက ရွာတစ်ရွာမှာရှိတဲ့ အချစ်နဲ့ စူးစမ်းစိတ်နောက်ကို လိုက်သွားကြတဲ့ အရွယ်မရောက်တရောက် ရာဗီ ဆိုတဲ့ကောင်လေးနဲ့ ချစ်တီ ဆိုတဲ့‌ ကောင်မလေးတို့နှစ်ယောက်အကြောင်းပါ။ ပတ်ဝန်းကျင်နဲ့ အပေါင်းအသင်း မကောင်းတာတွေကြောင့် အမှားအယွင်း မကင်းတဲ့ အချစ်ရေးထဲ တိုးဝင်မိကြရင်းကနေ ပြဿနာတွေ စလာတယ်။ မိဘတွေကလည်း သဘောမတူ တားမြစ်ကြပေမဲ့ လူငယ်သဘာဝ မာနနဲ့ ရုန်းကန် ကြတဲ့အခါ.....ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းအဖြစ် စတင်ပေမဲ့ နောက်ပိုင်းမှာ ထိရှလွယ်တဲ့ လူငယ်ရေးရာ ပြဿနာတွေကို သင်ခန်းစာပါပါ ရိုက်ပြထားတဲ့ တေလူဂူ ဇာတ်ကားကောင်းလေးမို့လို့ Drama ကြိုက်တဲ့သူတွေ အရသာရှိရှိ ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size… 2.3 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 15m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း