Dien Bien Phu
အရှေ့တောင်အာရှ သမိုင်းစာမျက်နှာကို ပြောင်းလဲစေခဲ့ပြီး ပြင်သစ်အင်ပါယာရဲ့ အဆုံးသတ်ကို ဖန်တီးခဲ့တဲ့ ဒီယန်ဘီယန်ဖူး စစ်ပွဲကြီးအကြောင်း ကြားဖူးကြမှာပါ။ ၁၉၉၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကတော့ အဲဒီသမိုင်းဝင်စစ်ပွဲကြီးရဲ့ ရင်ဖိုစရာ၊ စိတ်ထိခိုက်စရာ အငွေ့အသက်တွေကို အပြင်မှာ တကယ်ကြုံတွေ့ခဲ့ရသလိုမျိုး ရင်ထဲထိအောင် ပုံဖော်ထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ် ၁၉၅၄ ခုနှစ်၊ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းက "ဒီယန်ဘီယန်ဖူး" ဆိုတဲ့ တောင်ကြားချိုင့်ဝှမ်းလေးဆီကို သွားကြရအောင်... အမေရိကန် သတင်းထောက်ဖြစ်တဲ့ "ဆင်မ်ပ်ဆင်"က ဒီစစ်ပွဲကြီးရဲ့ အခြေအနေကို သတင်းရယူဖို့ ရောက်ရှိလာခဲ့ပါတယ်။ ပြင်သစ်တပ်မတော်ကတော့ သူတို့ရဲ့ စစ်အင်အားနဲ့ လက်နက်အသာစီးရမှုအပေါ် ယုံကြည်မှုရှိနေပြီး ဗီယက်မင်းတပ်ဖွဲတွေကတော့ အသက်ကို စေတနာဝန်ထမ်းစွန့်ပြီး ကိုယ့်တိုင်းပြည်အတွက် တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တောင်ကြားလေးအတွင်းမှာ နှစ်ဖက်စလုံးရဲ့ တင်းမာမှုတွေ မြင့်တက်လာပြီး တိုက်ပွဲရဲ့ဖိအားက တဖြည်းဖြည်း မြင့်တက်လာသလို ရာသီဥတု၊ မြေပြင်အနေအထားနဲ့ မမျှော်လင့်ထားတဲ့ စစ်ဗျူဟာတွေကြားမှာ စစ်သားတွေရဲ့ စိတ်ဓာတ် အသက်ရှင်ကျန်ရစ်ဖို့ ရုန်းကန်ရင်းနဲ့ စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့အဆုံးမှာတော့.... သမိုင်းနောက်ခံပါတဲ့ War Movie တွေကို ကြိုက်သူတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းပြီး၊ စစ်ပွဲတစ်ခုရဲ့ နောက်ကွယ်မှာရှိတဲ့ စစ်သားတွေရဲ့ စိတ်ခံစားချက်ကိုပါ ကြည့်ချင်တယ်ဆိုရင် လက်မလွှတ်သင့်တဲ့ဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း