ဇာတ်ကားများ ရွေးရန်

Outback

2020ဇာတ်ကားအမှတ် 5.9/1086 မိနစ်

အမေရိကန်စုံတွဲတစ်တွဲဖြစ်တဲ့ "ဝိတ်" နဲ့ "လီဆာ" တို့ဟာ သူတိုရဲ့ ပြောင်းလဲလာတဲ့ဆက်ဆံရေးကို ဖြေရှင်းဖို့နဲ့ အပန်းဖြေဖို့အတွက် ဩစတြေးလျနိုင်ငံကို ခရီးထွက်လာခဲ့ကြပါတယ် ကမ်းခြေမှာ ရေကစားရင်း ဝိတ်တစ်ယောက် ငါးဟက်ခံလိုက်ရပြီး ခြေထောက်ဒဏ်ရာရသွားတဲ့အတွက် သာယာလှပတဲ့ ကမ်းခြေခရီးစဉ်ကနေ ဩစတြေးလျရဲ့ နာမည်ကြီးပြီး လူသူအ​ရောက်နည်းတဲ့ Outback သဲကန္တာရ​တောရိုင်း​​ဒေသဘက်ကို ကားနဲ့ စွန့်စားခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ​ခရီးစဉ်အတွင်းမှာ လမ်းမှားသွားခဲ့ပြီး သူတို့ရဲ့ကားဟာ သဲကန္တာရမြေပြင်မှာ သောင်တင်သွားတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ ဒုက္ခဆိုးကြီး စတင်ပါတော့တယ်။ ရေမရှိ၊ အကူအညီမရှိ၊ ဖုန်းလိုင်းမမိဘဲ လမ်းအမှန်ကို မသိတော့တဲ့အပြင် ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ အကူအညီရဖို့အတွက် သဲကန္တာရထဲ လမ်းရှာဖို့ ကြိုးစားရင်း အဆိပ်ရှိသတ္တဝါတွေ ရေငတ်မှုနဲ့ လမ်းပျောက်ခြင်းတွေကြား အသက်ရှင်ကျန်ရစ်ဖို့ စက္ကန့်နဲ့အမျှ ရုန်းကန်ရတဲ့အခါ... သဲကန္တာရထဲမှာ သဘာဝတရားရဲ့ ရက်စက်မှုကို အလူးအလဲ ခံစားရမယ့် ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာမို့ သဲကန္တာရထဲကို ကိုယ်တိုင်ရောက်ရှိနေသလို ခံစားရ​စေမှာပါ။

ဇာတ်လမ်းအကြောင်း