ဇာတ်ကားများ ရွေးရန်

I'm Beginning To See the Light

2025ဇာတ်ကားအမှတ် 7.7/10104 မိနစ်

I'm Beginning to See the Light (2025) I'm Beginning to See the Light (2025) က Ezra လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဆိုးရွားတဲ့ ဆုံးရှုံးမှုတစ်ခုကို ကြုံရပြီးနောက် ရှင်သန်ဖို့အတွက် ဘဝရဲ့ အဓိပ္ပါယ်အသစ် ရှာဖွေပုံအကြောင်း ပြသထားတဲ့ Psychological Drama တစ်ကားပဲ ဖြစ်ပါတယ်။ Ezra က ခရာမှုတ်သူ ဂျက်ဇ်ဂီတပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်ညမှာ တေးဂီတဖျော်ဖြေမှုအပြီး Ezra က သူ့ရဲ့ဇနီးသည်နဲ့ သမီးငယ်လေးကို တင်ပြီး ကားမောင်းပြန်ခဲ့ရင်း လမ်းမှာကားတိုက်ကာ ဇနီးသည်နဲ့ သမီးငယ်လေး ပွဲချင်းပြီးဆုံးသွားပြီး Ezra တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ဆိုးကြီးကြောင့် Ezra က ရင်ကွဲနာကျပြီး အသက်မရှင်ချင်တော့တာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆေးရုံကထွက်ပြီး မီးပြတိုက်အမြင့်ကြီးဆီကို တစ်ယောက်တည်း သွားခဲ့ပါတယ်။ ဒါပေမဲ့ မီးပြတိုက်မှာ အလုပ်လုပ်နေသူတွေက Ezra ကို အလုပ်သမားအသစ်နဲ့ မှားသွားကြတယ်။ အဲဒါကြောင့် Ezra လည်း ကမ္ဘာကြီးကနေ ပုန်းကွယ်ပြီး တစ်ယောက်တည်း မီးပြတိုက်မှာ ‌အလုပ်လုပ်ပြီးနေထိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ Ezra တစ်ယောက် မီးပြတိုက်မှာ အလုပ်လုပ်ရင်း ဘဝမျှော်လင့်ချက် အလင်းရောင်အသစ်တစ်ခုကို ရှာတွေ့နိုင်မလားဆိုတာကို နောက်ဆက်တွဲပေါ်လာတဲ့ အချစ်သစ်၊ သူငယ်ချင်းအသစ်၊ သုံးပွင့်ဆိုင်တင်းမာမှုတွေနဲ့အတူ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… (1.6 GB) / (810 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:44:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း