Zack Snyder's Justice League
Superman သေဆုံးသွားပြီးနောက် Mother Box သုံးခု နိုးထလာချိန်ကနေ ဇာတ်လမ်းစထားပါတယ်။ Steppenwolf က အဲဒီ Mother Box တွေကို လိုက်စုနေပြီး သူတို့ရဲ့အစွမ်း ဘယ်လောက်ကြီးမားတယ်ဆိုတာ Wonder Woman က သိထားတယ်။ ဒါကြောင့် Bruce Wayne ကို အကြောင်းစုံပြောပြပြီး ရှေ့မှာကြုံလာမယ့်အန္တရာယ်ကို တားဆီးဖို့ လူစုခိုင်းလိုက်ပါတယ်။ Bruce Wayne လည်း Justice League အဖွဲ့ ဖြစ်လာမယ့်သူတွေကို စတင်စုစည်းပါတော့တယ်။ ဒီဇာတ်ကားက ၂၀၁၇ ခုနှစ်ထွက် Justice League နောက်မှာ ပရိသတ်တွေ တောင်းဆိုခဲ့ကြတဲ့ Zack Snyder ရဲ့ဗားရှင်းဖြစ်ပြီး လေးနှစ်အကြာမှာ ထွက်လာခဲ့တာပါ။ လေးနာရီကြာတဲ့ ဇာတ်ကားထဲမှာ ဇာတ်ကောင်တချို့ရဲ့ နောက်ခံအကြောင်းကိုလည်း အသေးစိတ် ထည့်ပြထားပါတယ်။ ပုံရိပ်အချိုးကတော့ Zack Snyder ရဲ့မူလပုံစံအတိုင်း ဒေါင်လိုက်ပိုရှည်တဲ့ အချိုးနဲ့ တင်ဆက်ထားတယ်။
ဇာတ်လမ်းအကြောင်း