ဇာတ်ကားများ ရွေးရန်

A New Dawn aka Hanarokusho ga Akeru Hi ni

2026ဇာတ်ကားအမှတ် 7.0/1075 မိနစ်

ဒီကားလေးကတော့ စပြောရမယ်ဆိုရင် ဒါရိုက်တာ Yoshitoshi Shinomiya ရဲ့ ပွဲဦးထွက်လက်ရာတစ်ပုဒ် ဖြစ်တယ်။ Yoshitoshi Shinomiya ဆိုတာက ဘယ်သူလဲဆိုတော့ နာမည်ကြီးကားတွေဖြစ်တဲ့ The Garden of Words, Your Name တို့မှာ Background Artist အဖြစ် ဆော်ခဲ့တဲ့သူ ဒီတော့ ဒီကားကြည့်လိုက်ရင် နောက်ခံတွေက တော်တော်ကြီးလှနေတာကို ခံစားမိလိမ့်မယ်။ ဇာတ်လမ်းလေးကတော့ စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး ဖျက်သိမ်းခံရတော့မယ့် သမိုင်းဝင် ရိုးရာ Obinata မီးရှူးမီးပန်း အလုပ်ရုံဟောင်းကြီးတစ်ခု တည်ရှိရာ ကျေးလက်ဒေသကို အခြေခံထားတယ်။ အဲဒီမှာ ခေါင်းဆောင်ဖြစ်သူ အဘိုးကြီးရယ် သားနှစ်ယောက်ရယ် မွေးစားသမီးလို ဖြစ်နေတဲ့ကောင်မလေးရယ် နေကြတာပေါ့။ ဒီအလုပ်ရုံဟောင်းကြီးကို မြို့တော်စည်ပင်က မျက်စိနောက်ပြီး ဖျက်ချင်နေတာကြာပြီရယ်။ အဲဒီလိုနဲ့ နှစ်နည်းနည်းကြာလာတော့ ကောင်မလေး Kaoru ကလည်း ကြီးလာတော့ တိုကျိုမှာ အလုပ်လုပ်နေပြီ။ တစ်ရက်ကျတော့ ညီအစ်ကိုနှစ်ယောက်ထဲက အကြီးကောင် Sentarou က သူ့ကိုလာခေါ်တယ် သူတို့နေခဲ့တဲ့ အဲဒီအလုပ်ရုံနေရာကြီးက နောက်ရက်ဆို ဖယ်ပေးရတော့မယ် အစိုးရက အလုံးအရင်းနဲ့ လာဖျက်မယ်ပေါ့။ အဲဒါကို ညီအငယ်ကောင် Keitaro က ပေကပ်ပြီး အတင်းဖက်တွယ်နေလို့ လာပြီးနားချပေးပါဦး ဘာညာနဲ့ နယ်ကို ပြန်ခေါ်သွားပါလေရော။ ဒီမှာတင် Kaoru တစ်ယောက်က Keitaro ကို နားချရမှာကို မချနိုင်ပဲ Keitaro က သူ့အဖေထားခဲ့တဲ့ လျှို့ဝှက်နည်းပညာနဲ့ Syukhari ဆိုတဲ့ မီးရှူးမီးပန်းကြီး ရှိတယ် အဲဒါကို အောင်မြင်အောင်လုပ်ကြမယ်ဆိုတဲ့နောက်ကို ပါသွားပြီး အစိုးရက လာပြီး မဖြိုခင် ဘယ်လိုမျိုး Syukhari ကို ရအောင် လွှတ်တင်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် Anime ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီ ဒါရိုက်တာက ပထမဆုံးပွဲဦးထွက်မို့နေမယ် နောက်ခံပန်းချီတွေနဲ့ Animation တွေက မိုက်သလောက် ဇာတ်လမ်းလေးက နည်းနည်းလိုနေသလို ခံစားရတယ် ဒါပေမဲ့ နောက်ဆုံးခန်းက Firework Animation ကြီးနဲ့တင် ကျွတ်ဆင်ကြီးမို့ Anime ချစ်သူတစ်ယောက်အနေနဲ့ဆို မဖြစ်မနေကို ကြည့်သင့်တဲ့ကားလေးလည်း ဖြစ်ပါတယ်လို့ပြောရင်း အဆုံးသတ်လိုက်ပါရစေဗျာ..။ File size…    1.3 GB / 650 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 15m Genre ..... Anime, Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း