ဇာတ်ကားများ ရွေးရန်

The Fate of Swordsman

2017ဇာတ်ကားအမှတ် 5.5/1062 မိနစ်

ထန်မင်းဆက်ခေတ်၊ လီမျိုးနွယ်စု အုပ်စိုးနေချိန်မှာ မင်းကြီးရဲ့အငယ်ဆုံးသားတော် ချုံမောက်ဟာ မြို့တော်ပြင်ပက ချွမ်ယန်နန်းတော်ဆောင်မှာ ငယ်စဉ်ကတည်းက နေထိုင်ခဲ့ပါတယ်။ တစ်နေ့ မင်းကြီးနေမကောင်းဖြစ်ပြီး သားငယ်ကို တွေ့ချင်လို့ မြို့တော်ဆီ ပြန်ခေါ်လိုက်တယ်။ ဒါပေမယ့် ချုံမောက်ဟာ ပြန်လာတဲ့လမ်းတစ်ဝက်မှာပဲ လုပ်ကြံမှုတွေနဲ့ ကြုံရပါတော့တယ်။ ချွမ်ယန်ဂိုဏ်းရဲ့ အကြီးဆုံးတပည့် ရှဲ့ယွင်လျိုက ချုံမောက်ကို နန်းတော်အရောက် လိုက်ပို့ပေးသူပါ။ အဲဒီခရီးမှာ အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးကို မထင်မှတ်ဘဲ ကယ်တင်မိရာက တော်ဝင်မျိုးနွယ်စုရဲ့ နန်းလုပွဲထဲ ဝင်ပါမိသွားတယ်။ မင်းသားလေးကို လိုက်ပို့ပေးရုံကနေ နန်းတွင်းအာဏာလုပွဲနဲ့ ပတ်သက်သွားတဲ့ ရှဲ့ယွင်လျိုဟာ တော်ဝင်မျိုးနွယ်စုနဲ့ ဘယ်လိုဆက်ရင်ဆိုင်ရမလဲ။

ဇာတ်လမ်းအကြောင်း