ဇာတ်ကားများ ရွေးရန်

Dead Souls

2025ဇာတ်ကားအမှတ် 7.0/1088 မိနစ်

Dead Souls (2025) IMDb Rating (6.3) / Rotten Tomatoes (80%) ဒီဇာတ်လမ်းက နာမည်ကြီး ရုရှားစာရေးဆရာ Nikolai Gogol ရဲ့ ၁၈၄၂ ခုနှစ်ထွက် ဂန္ထဝင်စာအုပ်ကို ခေတ်သစ် ကောင်းဘွိင်နောက်ခံနဲ့ ပုံစံပြောင်းပြီး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ ရိုးရိုး cowboy ကားတွေလို သေနတ်ပစ်၊ မြင်းစီး အကြမ်းပတမ်းတွေချည်းပဲ မဟုတ်ဘဲ လူတွေရဲ့ လောဘ၊ အာဏာမက်မှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကို ခပ်ရွဲရွဲနဲ့ သရော်ထားတဲ့ အနုပညာဆန်ဆန် စိတ်ကူးယဉ် ရုပ်ရှင်မျိုး ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ၁၈၉၀ ခုနှစ် အမေရိကန် သဲကန္တာရမြို့လေးတစ်မြို့ကို အခြေခံထားပါတယ်။ Strindler ဆိုတဲ့ သူစိမ်းတစ်ယောက် မြို့ထဲ ရောက်လာပြီး လောဘကြီးတဲ့ မြို့မျက်နှာဖုံးတွေဆီကနေ "သေဆုံးသွားတဲ့ မက္ကဆီကန် အလုပ်သမားတွေရဲ့ နာမည်စာရင်း" ကို ပိုက်ဆံပေးပြီး လိုက်ဝယ်ပါတယ်။ မြို့ကလူကြီးတွေက သေပြီးသားလူတွေရဲ့ နာမည်ဝယ်တာ အူကြောင်ကြောင်နိုင်ပေမဲ့ ပိုက်ဆံအလကားရလို သဘောတကျ ရောင်းကြတာပေါ့။ ဒါပေမဲ့ တကယ်တမ်း Strindler ရဲ့ အကွက်က အဲဒီနာမည်ပျက်စာရင်းတွေကို အစိုးရဆီပြပြီး သူကပဲ နယ်စပ်ကလူတွေကို ရှင်းလင်းပေးခဲ့တာ ဆိုပြီး အစိုးရဆီက ဆုကြေးငွေ အမြောက်အမြား လိမ်ထုတ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ တွေ့သမျှ လူတိုင်းကို လိမ်ညာနေတာကြောင့် မြို့ခံတွေက သံသယဝင်လာပြီး နောက်ဆုံးမှာတော့ "The Kid" ဆိုတဲ့ မြို့က လူငယ်တစ်ယောက်နဲ့ သေနတ်ချင်း အသေအလဲ စိန်ခေါ်ပွဲ ဖြစ်တဲ့အထိ အခြေအနေတွေ တင်းမာလာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့...။ File size… (1.2 GB) / (760 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Western Duration…. 01:29:07 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း