Parallel Tales (aka) Histoires parallèles
Parallel Tales (2026) IMDb Rating (5.9) / Rotten Tomatoes (19%) ဆီလ်ဗီဟာ ပါရီမြို့ရဲ့တိုက်ခန်းတစ်ခုမှာ လူတွေနဲ့အဆက်အသွယ်ဖြတ်ပြီး တစ်ကိုယ်တည်းနေထိုင်တဲ့ နာမည်ကျော်စာရေးဆရာမကြီးတစ်ယောက်ပါ။ သူ့မှာအတိတ်က စိတ်ဒဏ်ရာတွေရှိပြီး ညဘက်တွေမှာ မှန်ပြောင်းတစ်လက်နဲ့လမ်းတစ်ဖက်က အိမ်နီးချင်းတွေရဲ့ကိုယ်ပိုင်ဘ၀ကိုချောင်းကြည့်လေ့ရှိပါတယ်။ လမ်းတစ်ဖက်မှာတော့ နီတာ၊ သီယိုနဲ့နီကိုလပ်စ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့အသံအထူးပြုလုပ်ချက်စတူဒီယိုတစ်ခုရှိပြီး ဆီလ်ဗီက အဲ့ဒီ အိမ်နီးချင်းတွေရဲ့အပြုအမူတွေကို မှန်ပြောင်းကတစ်ဆင့်ချောင်းကြည့်ပြီး သူတို့ကြားက တဏှာရာဂ၊ မနာလိုမှု သစ္စာဖောက်မှုတွေပါဝင်တဲ့စိတ္တဇဆန်ဆန်စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ကိုစရေးပါတော့တယ်။ တစ်နေ့မှာတော့ ဆီလ်ဗီရဲ့အခန်းကိုရှင်းဖို့ တူမဖြစ်သူလွှတ်ပေးလိုက်တဲ့ ကဗျာဝါသနာရှင်လူငယ်လေး အဒမ်ရောက်ရှိလာပြီး သူရေးနေခဲ့တဲ့စိတ်ကူးယဉ်ဇာတ်လမ်းစာမူကိုဖတ်မိရာက စွဲလန်းသွားတဲ့နောက်မှာတော့ အပြင်လောကမှာရှိနေတဲ့ နီတာ့ကိုသွားပြမိခဲ့ပြီး သူတို့အားလုံးရဲ့ဘ၀မှာ စိတ္တဇဆန်တဲ့အပြောင်းအလဲတွေစတင်လာပါတော့တယ်။ Histoires Parallèles ဟာ အော်စကာဆုများရှင် အီရန်ဒါရိုက်တာ Asghar Farhadi(A Separation (2011),The Salesman (2016)) ရိုက်ကူးထားပြီး Isabelle Huppert၊ Virginie Efira၊ Pierre Niney နဲ့ Vincent Cassel စတဲ့ ပြင်သစ်ထိပ်တန်း သရုပ်ဆောင်ကြီးများ ပါဝင်အားဖြည့်ထားပါတယ်။ ငြိမ့်ငြိမ့်ညောင်းညောင်းစီးမျောခံစားရမယ့် Psychological Drama ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size… (2 GB) / (1.2 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Mystery,Thriller Duration…. 02:21:13 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း