ဇာတ်ကားများ ရွေးရန်

Baby Do Die Do

2026ဇာတ်ကားအမှတ် 9.0/10125 မိနစ်4K

Baby Do Die Do (2026) IMDb (6.4/10) မင်းသမီး Huma Qureshi ရဲ့ ခပ်ဆန်းဆန်း ပုံစံသစ်တစ်ခုကို မြင်ရမယ့် Dark Comedy နဲ့ Crime Thriller ကို ရောမွှေထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။‌‌ ဘေဘီကာမာကာ က စကားလည်း မပြောနိုင် အကြားအာရုံလည်း မရတဲ့ မိန်းကလေးတစ်ယောက်။ ဒါပေမဲ့ အပြင်မှာ သာမန်အတိုင်း နေနေတာမဟုတ်ဘဲ မွန်ဘိုင်း မြို့ရဲ့ နာမည်ကြီး ကြေးစားလူသ_တ်သမား တစ်ယောက်အနေနဲ့ လျှို့ဝှက်လှုပ်ရှားနေတာပါ။ ဒါပေမဲ့ ဘေဘီ တစ်ယောက် ကြေးစားလူသ_တ်သမား ဖြစ်လာရတဲ့ နောက်ကွယ်မှာ အတိတ်က နာကျင်စရာ ဖြစ်ရပ်ဆိုးတစ်ခု ရှိခဲ့ပါတယ်။ ငယ်ငယ်တုန်းက သူ့ရဲ့ အမွှာညီအစ်မ ဖြစ်သူကို လူရမ်းကားတစ်ယောက်က ရက်ရက်စက်စက် သ_တ်ဖြတ်သွားခဲ့ပါတယ်။ ဒီတော့ ဘေဘီ က ကြေးစားအလုပ်လုပ်ရင်း နောက်ကွယ်မှာ သူ့ညီအစ်မကို သ_တ်သွားတဲ့ တရားခံကို နှစ် ၂၀ လောက်ကြာအောင် လိုက်ရှာနေခဲ့တာပါ။‌ ပြီး‌ဝောာ့ ဘေဘီက သဘောကောင်းတဲ့ အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သာမန် မိသားစုဘဝလေးပါ တည်ဆောက်ထားသေးတယ်။ အပြင်မှာ လာဘ်စားတဲ့ ရဲအရာရှိတွေ၊ မြေကွက်လုတဲ့ ဂိုဏ်းစတား ဇာဖာကတ်ကာ တို့ရဲ့ ရုပ်ပျက်ဆင်းပျက် ပဋိပက္ခတွေကြားထဲ ဘေဘီ တစ်ယောက် သူ့ရဲ့ ကလဲ့စားချေပွဲကို ဘယ်လို ဆက်ဖန်တီးမလဲ၊ သူ့အမျိုးသားကရော သူ့မိန်းမရဲ့ လျှို့ဝှက် ကြေးစားဘဝကို သိသွားရင် ဘာဖြစ်မလဲဆိုတာ.....။ File size… 8 GB / 1.7 GB / 1 GB Quality…WEB DL 4k HEVC / 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း