Pichaikkaran
ငယ်စဉ်ကတည်းက နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ မိခင်ဟာ မတော်တဆမှုတစ်ခုကြောင့် အိပ်ရာထဲ လဲသွားပါတယ်။ နည်းမျိုးစုံနဲ့ ကုသပေမယ့်လည်း နလန်မထူလာဘူး။ အဲဒီအချိန်မှာ ဘုန်းတော်ကြီးတစ်ပါး ရောက်လာပြီး ဗီဂျေးကို သူတောင်းစားစစ်စစ်တစ်ယောက်လို ၄၈ ရက် နေထိုင်နိုင်ရင် မိခင် ပြန်နေကောင်းလာမယ်လို့ ပြောပါတယ်။ စီးပွားရေးကိစ္စတွေ အကုန်ထားခဲ့ပြီး သူတောင်းစားဘဝနဲ့ ၄၈ ရက် နေနိုင်ပါ့မလား။ နေနိုင်ခဲ့ရင်ရော ဘုန်းတော်ကြီးပြောသလို အမေက တကယ်ပြန်နေကောင်းလာမှာလား။ မိခင်ရဲ့ ကျေးဇူးနဲ့ သားဖြစ်သူရဲ့ သိတတ်မှုကို အခြေခံထားတဲ့ ဒီဇာတ်လမ်းမှာ သူတောင်းစားဘဝအတွက် လိုအပ်တဲ့ အသိပညာနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း ထည့်သွင်းထားပါတယ်။ “သူတောင်းစား” လို့ အဓိပ္ပာယ်ရတဲ့ Pichaikkaran ဟာ ၂၀၁၆ ခုနှစ်ထွက် ဇာတ်ကားဖြစ်ပြီး ၂၀၂၃ ခုနှစ်ထွက် Pichaikkaran 2 ရဲ့ ရှေ့ကကားပါ။ နှစ်ကားစလုံးမှာ ဗီဂျေး ပါဝင်သရုပ်ဆောင်ထားပေမယ့် ဇာတ်လမ်းချင်း ဆက်စပ်မှုမရှိပါဘူး။ ရုံတင်ချိန်မှာ ဝင်ငွေ ၄၂ ကုဋေကျော် ရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း