Deewangee
တရန်းဟာ ဆရ်ဂမ်ကို ငယ်ငယ်ကတည်းက တိတ်တခိုးချစ်နေခဲ့သူပါ။ သူတို့မိဘတွေကလည်း ရင်းနှီးကြလို့ ကလေးနှစ်ယောက်ကို ငယ်စဉ်ကတည်းက သဘောတူထားကြတယ်။ ဒါပေမယ့် တရန်းရဲ့မိဘတွေ ဆုံးပါးသွားပြီးနောက် သူလည်း ဆရ်ဂမ်နဲ့ ငယ်ငယ်ကတည်းက ကွေကွင်းခဲ့ရပါတယ်။ သူတို့ပြန်ဆုံကြပြီး သိပ်မကြာခင်မှာပဲ လူသတ်မှုတစ်ခု ဖြစ်သွားတယ်။ ရဲတွေက တရန်းကို လက်ပူးလက်ကြပ်မိထားတာကြောင့် လူသတ်တရားခံလို့ ယူဆထားပေမယ့် သူကတော့ လူမသတ်ခဲ့ဘူးလို့ ငြင်းနေပါတယ်။ ဆရ်ဂမ်ကလည်း တရန်းဟာ လူသတ်သမား မဖြစ်နိုင်ဘူးလို့ ယုံကြည်ပြီး နာမည်ကျော်ရှေ့နေ ရာဂျ်ဆီ အကူအညီတောင်းလိုက်တယ်။ ဆရ်ဂမ်ကို သဘောကျနေတဲ့ ရာဂျ်က အမှုလိုက်ပေးဖို့ လက်ခံလိုက်ပါတယ်။ တရန်းက တကယ်ပဲ လူသတ်သမားလား၊ အမှုနောက်ကွယ်မှာ ဘာတွေရှိနေသလဲဆိုတာကို အချစ်အပေါ် စွဲလမ်းရူးသွပ်မှုတွေနဲ့အတူ တင်ပြထားတဲ့ မှုခင်းလျှို့ဝှက်ဆန်းကြယ်ဇာတ်ကားပါ။ အဂျေး၊ အရှေးခန်နာနဲ့ Urmila Matondkar တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း