Keep the Beat
ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မိဘနဲ့သားသမီးကြားမှာ ကိုယ်ပိုင်ကွက်လပ်လေးရှိသင့်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်...ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် အကဆရာမကျန့်ယွိမိန်တစ်ယောက် သားဖြစ်သူကို ဆုံးရှုံးထားရလို့ အမြဲမပျော်ရွှင် ဖိအားတွေနဲ့ နေထိုင်နေရင်း တစ်ဖက်မှာလည်း သားဖြစ်သူမသေခင်လှူဒါန်းသွားတဲ့ နှလုံးကို ဘယ်သူ့ဆီရောက်နေတယ်ဆိုတာကိုလည်း လိုက်စုံစမ်းလို့နေခဲ့ပါတယ် ဖြစ်ချင်တော့ သားဖြစ်သူဟယ်ယိဖန်းရဲ့နှလုံးက မွေးရာပါနှလုံးမကောင်းတဲ့ ယွီကျင်ယန်ဆိုတဲ့ကောင်လေးဆီကို ရောက်သွားခဲ့တာပါ တစ်ရက် ယွီကျင်ယန်ရန်ဖြစ်ရင်းဆေးရုံရောက်သွားပြီး ကျန့်ယွိမိန်လည်း ကူညီပေးရင်း ဆေးရုံမှာစောင့်ပေးနေရာကနေ သူ့သားရဲ့နှလုံးကိုအစားထိုးကုသခံယူထားတဲ့သူက ယွီကျင်ယန်မှန်း သိပြီးနောက်ပိုင်း ကျင်ယန်ကို သားအရင်းလို ဂရုစိုက်ပေးတော့တာပါပဲ မိဘတစ်ယောက်ရဲ့ အစိုးရိမ်လွန်ကဲမှုတွေကြောင့် ကြာလာတော့ ကျင်ယန်တစ်ယောက် မွန်းကြပ်လာရင်း မကြာခဏဆိုသလို ကျန့်ယွိမိန်နဲ့ အချင်းပွားကြတာပေါ့ တစ်ရက် ကပွဲတစ်ခုမှာ အမှတ်မထင်ဘဲ ကျင်ယန်ရဲ့ အဖေအရင်းက ဟယ်ယိဖန်းရဲ့နှလုံးကို အသက်ရှင်ဖို့သိပ်မကျန်တော့တဲ့ သားအတွက်လိုချင်လို့ တက်စီကားနဲ့တိုက်သွားတဲ့ တရားခံမှန်းသိသွားတဲ့အချိန်မှာ ဘာတွေ ဆက်ဖြစ်မှာလဲ ဟယ်ယိဖန်းသေသွားရတဲ့ တကယ့်အကြောင်းအရင်းကရောဘာလဲဆိုတာကိုတော့ ဒီကားလေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်နော် Filesize : 1.49 GB / 871 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း